Tilte

Friday, May 20, 2011

ဆွဟာ​ဗ​ဟ်(ရ)သာဝက​ကြီး​များ​ရဲ့ အရည်​ချင်း ​၆ ရပ်(အကျ​ယ်)

-အရည် ​ချင်း(၆)ရပ်​၏ လေးနက်​သော သဘော​တရား အနှစ်သာရ​မ​ပါ၊ ရည်​ရွယ်​ချက်​များ ဗလာ​န​တ္တိ၊ အရည်​ချင်း(၆)ရပ်​၏ အိ​လင်​မ်​သာ​ရှိ​နေ​လျှင် ယင်း​အိ​လင်​မ​ျ္​ဖင့် အခြား​သူ​များ​ကို ပြုပြင်​မည့် နီ​ယ​သ်​သာ ရှိ​မည်။ မိမိ​အား ပြုပြင်​ပြောင်းလဲ​ရန် ရ​ည်း​စူး​မည်​မဟုတ်။ ဤသို့​သော (၆)ရပ်​၏ ဒ​အ်​ဝ​သ်​ဖြင့် မိမိ​အဖို့​ယ​ကီး​န် အစစ်​အမှန်​ကို ရ​ယူ​နိုင်​မည်​မဟုတ်။ ထို့​အပြင် အခြား​သူ​များ​အား​လည်း ယင်း​ဒ​အ်​ဝ​သ်​၏ ရလဒ် အကျိုး​များ သက်ရောက်​မည် မဟုတ်​ပေ။ (ဟ​ဇ​ရ​သ်​ကြီး မော်​လာ​နာ ယူ​စွ​ဖ်​ဆပ်)

ဆွ ​ဟာ​ဗ​ဟ်(ရ)သာဝက​ကြီး​များ​ဟာ တမန်​တော်​မြတ်(စွ)ရဲ့​အနီး​အပါး​မှာ​နေ​ပြီး မြောက်​များ စွာ​သော အရည်အချင်း​များ​ကို ရ​ရှိ ခဲ့ ပ​ ါ​တယ် ။ ထို အ ရည် အချင်း များ​ထဲ​မှ အချို့​သော အချက် အလက်​များ (အရည် အချင်း-၆-ရပ် ) ကို​လက်တွေ့ လိုက်​န​ ာ ​ကျင့်​သုံး​သွား​မယ်​ဆို​ရင် ဒီး​န်​တစ်​ခု​လုံး​ပေါ်​မှာ လွယ်ကူ​စွာ လျှောက်​လှမ်း​နိုင်​မှာ ဖြစ်​ပါ​တယ်။ ၎င်း​အအ​ရည် အချင်းများ​မှာ - - - ​၁။ကလိ​မ​ဟ် ​သွို ယိ​ဗ​ဟ် (လာ​အိ​လား​ဟ အိ​လ်​လ​လ်​လာ​ဟူ ​မု​ဟ​မ္မ​ဒ်​ဒွ​ရ် ရ​စူ​လ်​လ​လား​ဟ်) ၂။ စွေ​ဖား​သေ န​မာ​ဇ် (ခ) န​မာ​ဇ်​ရဲ့ အရည်အချင်း ​၃။ အိ​လင်​မ်​နဲ့ ​ဇိ​ကိ​ရ် ​၄။ အိ​က်​ရာ​မေ​မွ​စ်​လင်​မ် ​၅။ အိ​ခ်​လား​စ်​စွေ့​နီ​ယ​သ် ​၆။ သ​ဖ်​ရီ​ကေ ဝက်​သ် (သ​ဗ်​လီး​ဂ်၊အ​လ္လာ​ဟ်​လမ်း​ထွက်​ခြင်း)

(၁) ကလိ​မ​ဟ် ​သွို​င်​ယိ​ဗ​ဟ်

ရည်​ရွယ်​ချက်။ ။ ဖန်ဆင်း​ခံ​မှာ စွမ်းအား​မ​ရှိ​ဘူး။ ဖန်ဆင်း​ရှင် အ​လ္လာ​ဟ်(ဆွ​ဗ)မှာ​ဘဲ စွမ်းအား​ရှိ​တယ် တမန်​တော်​မြတ်(စွ)ရဲ့ နည်း​စနစ်​မှာ​ဘဲ ရာ​နူ​န်း​ပြည့် အောင်မြင်​မှု​ရှိ​တယ်။ အခြား​နည်း​စနစ်​တွေ​မှာ ဆုံး​ရူံး​မှု​ရှိ​တယ်​ဆို​တဲ့ ယံ​ျု​က​ည်​ချက် နှလုံးသား​ထဲ ရောက်​ရ​လာ​ဖို့​ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ ကလိ​မ​ဟ်​ကို အိ​ခ​လား​စ်​နဲ့ တစ်​ကြိမ်​ဖတ်​ရင် ယခင်​က ​ကျုး​လွန်​ခဲ့​တဲ့ ​ဂု​န​ဟ်​တွေ​ကို အ​လ္လာ​ဟ်(ဆွ​ဗ)က ခွင်​လွတ်​ပေး​မှာ ဖြစ်​ပါ​တယ်။ စွ​န္န​သ်​တော် တစ်​ခု​ကို အကောင် အထည်​ဖော်​ရင် ရှ​ဟီး​ဒီ ပေါင်း(၁​၀​၀)ရဲ့ အကျိုး​စ​ဝါး​ဗ်​ကို​ရ​မှာ ဖြစ်​ပါ​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် ကလိ​မ​ဟ်​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ စွ​န္န​သ် တော်​များ​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် အ​လ္လာ​ဟ်(ဆွ​ဗ)ရဲ့​ကြီး ကျယ်​မှု​တွေ​ကို များ​များ​ပြော၊ များ​များ​နားထောင်၊ များ​များ​ကြည့်၊ များ​များ​စဉ်းစား​ရ​မယ်။ ဒီ​လိုင်း (၄)လိုင်း နဲ့​ဘဲ အ​လ္လာ​ဟ်(ဆွ​ဗ)ရဲ့​ကြီးကျယ်​မှု​တွေ နှလုံးသား​ထဲ​က်ို ရောက်​ရှိ​လာ​မှာ ဖြစ်​ပါ​တယ်။ စွ​န္န​သ်​တော်​များ​ကို ရှာဖွေ​သင်​ယူ​ပြီး လက်တွေ့​အမ​လ်​လုပ်​ရ​မယ်။ တတိယ-ဒို​အာ “ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို ကလိ​မ​ဟ်​ရဲ့ ဟ​ကီ​က​သ် (အနှစ်သာရ)ကို ချီးမြှင့်​တော်​မူ​ပါ။ ကလိ​မ​ဟ်​နဲ့​အညီ သက်​တမ်း​မွေး​မြူ​နိုင်​တဲ့ သောင်​ဝ်​ဖီး​က် စွမ်းအား​ချီးမြှင့်​တော်​မူ​ပါ။ စွ​န္န​သ်​တော်​နဲ့​ကိုက်​ညီ​တဲ့ သက်​တမ်း​မွေး​မြူ​နိုင်​တဲ့ သောင်​ဝ် ဖီး​က် စွမ်းအား ချီးမြှင့်​တော်​မူ​ပါ။”

(၂) စွေ​ဖား​သေ န​မာ​ဇ် (ခ) န​မာ​ဇ်​ရဲ့ အရည်အချင်း

ရည်​ရွယ်​ချက် ။ ။ကျွန်တော် ​မျိုး/ ကျွန်တော်​မျိုး​မ​တို့​ရဲ့ ဘဝ​သက်​တမ်း​တစ်​ခု​လုံး​က န​မာ​ဇ် ရဲ့ အရည်​အချည်း​များ​ပေါ် ရောက်​ရှိ​သွား​ဖို့​ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ န​မာ​ဇ်(၅)ကြိမ် စွဲ​စွဲမြဲ​မြဲ ဖတ်​တဲ့​သူ​ကို အ​လ္လာ​ဟ်(ဆွ​ဗ)ကိုယ်တိုင် ​ဂျ​န္န​သ်​ပို့​ပေး​မှာ ဖြစ်​ပါ​တယ်။ န​မာ​ဇ်​မ​ဖတ်​တဲ့​သူ​နဲ့ ပတ်သက်​ပြီး ဘာ​မှ တာဝန်​ယူထား​ခြင်း မ​ရှိ​ပါ​ဘူး။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် န​မာ​ဇ်​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် န​မာ​ဇ်(၅)ကြိမ်​ကို စွဲ​စွဲမြဲ​မြဲ ဖတ်​ရ​မယ်။ဝါ​ဂျိ​ဗ်၊ စွ​န္န​သ်၊ န​ဖိ​လ် န​မာ​ဇ်​တွေ​ကို ဖတ်​ရ​မယ်။ ည​မှာ​ထ​ပြီး ရှည်လျား​တဲ့ ရ​က​အ​သ်​တွေ​နဲ့ န​မာ​ဇ်​ကို မ​ရှ်​က်​လုပ်​ရ​မယ်။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို​တမန်​တော်​မြတ်(စွ)နဲ့​ဆွ​ဟာ​ဗ ​ဟ်(ရ)များ​ဖတ်​သ​ကဲ​သို့​န​မာ​ဇ်​ဖတ်​နိုင်​တဲ့ စွမ်းအား ချီးမြှင့်​တော်​မူ​ပါ။”

(၃) အိ​လင်​မ်​နဲ့​ဇိ​ကိ​ရ်

အိ​လင်​မ်
ရည်​ရွယ်​ချက်။ ။ အခြေအနေ​တိုင်း အချိန်​ခါ​တိုင်း​မှာ အ​လ္လာ​ဟ်(ဆွ​ဗ)အမိန့်​ဘာ​ရှိ​သလဲ​ဆို​တာ သိ​ပြီး​တော့​နာခံ​ခြင်း ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ အကြင်သူ​ဟာ အိ​လင်​မ်​သင်​ယူ​ဖို့​ခရီး​ထွက်​တယ်​ဆို​ရင် ​ဂျ​န္န​သ်​သွား ရာ​လမ်း​ကို လွယ်ကူ​စေ​မှာ ဖြစ်​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် အိ​လင်​မ်​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် ဖ​ဇာ​အိ​လ်​ကို သ​အ်​လင်​မ်​ရဲ့ ဟ​လ်​ကာ (ထိုင်​ဝိုင်း)မှာ သင်​ယူ​ရ​မယ်။မ​စာ​အိ​လ်​ကို အာ​လင်​မ် ပညာ​ရှင် တွေ​ထံ​မှာ သင်​ယူ​ရ​မယ်။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို​အိ​လင်​မ်​ရဲ့ ဟ​ကီ​က​သ် (အနှစ်သာရ)ကို ချီးမြှင့်​တော်​မူ​ပါ။ အမ​လ်​လုပ်​စေ​နိုင်​မဲ့ အိ​လင်​မ်​မျိုး​ကို ချီးမြှင့်​တော်​မူ​ပါ။”

ဇိ​က​ရ်
ရည်​ရွယ်​ချက်။ ။ ​၂​၄-နာရီ​ကာလ​ပတ်လုံး အ​လ္လာ​ဟ်(ဆွ​ဗ)ကို သတိရ​နေ​ခြင်း ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ အကြင်သူ​ရဲ့ နှုတ်​လျှာ​က အ​မြဲ​တစေ ​ဇိ​ကိ​ရ်​နဲ့​စို​ပြေ​နေ​မယ်​ဆို​ရင် ​ဂျ​န္န​သ်​ကို ရယ်မော​ပျော်​ရွှင်​စွာ ဝင်​ခွင့်​ရ​မှာ ဖြစ်​ပါ​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် ​ဇိ​ကိ​ရ်​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် ​၃-သစ်​ဗီး​ဟ်​ကို အချိန်​နေရာ သတ်​မှတ်​ပြီး အာရုံ​နဲ့​တ​ကွ စိတ်​ရ​မယ်။ အခြား ​ဇိ​ကိ​ရ်​များ​လည်း စိတ်​ရ​မယ်။ နေ့စဉ် ကု​ရ်​အာ​န်​ကို သတ်​မှတ်​ပြီး သိ​လာ​ဝ​သ်​လုပ်​ရ​မယ်။ မ​စ်​နူး​န် ​ဒို​အာ​များ​ကို ကျက်​မှတ်​ပြီး လက်တွေ့ အမ​လ်​လုပ်​ရ​မယ်။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို ဂ​ဖ်​လ​သ်​ဆို​တဲ့ မေ့လျော့​ခြင်း​မှ ထိန်းသိမ်း​ပြီး၊ အ​လ္လာ​ဟ်(ဆွ​ဗ)ကို အ​မြဲ​သတိရ တသ​သူ အဖြစ်​ပြု​ပေး​တော်​မူ​ပါ။”

(၄) အိ​က်​ရာ​မေ​မွ​စ်​လင်​မ်

ရည်​ရွယ်​ချက်။ ။ အီ​မာန်ရှိ​ခြင်း​ကို အကြောင်း​ခံ​ပြီး မွ​စ်​လင်​မ် အချင်းချင်း အိ​က်​ရာ​မ် ဂုဏ်​ပေး​လေးစား​ရ​မှာ ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ မွ​စ်​လင်​မ်​တစ်​ဦး​ရဲ့ အပြစ် ​ဂို​န​ဟ်​ကို ဖုံးအုပ်​ပေး​မယ်​ဆို​ရင် နက်​ဖန် ​ကိ​ယာ​မ​သ်​နေ့​မှာ ၎င်း​ရဲ့ အပြစ် ​ဂို​န​ဟ်​ကို အ​လ္လာ​ဟ်​အရှင်​မြတ်(ဆွ​ဗ)က ဖုံးအုပ်​ပေး​မှာ ဖြစ်​ပါ​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် အိ​က်​ရာ​မ်​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် ကြီး သူ​ကို ရိုသေ၊ ငယ်​သူ​ကို သနား၊ မိဘ၊ဆရာ၊အာ​လင်​မ်​ပညာ​ရှင်​များ​ကို ဂုဏ်​ပေး​လေးစား​ရ​မယ်။ ​ခိ​ဒ်​မ​သ်​များ​များ လုပ်​ရ​မယ်။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို တမန်​တော်​မြတ်(စွ)ရဲ့ အ​ခ်​လား​က် စာ​ရိ​တ္တ​မွန်​ကို ချီးမြှင့်​တော်​မူ​ပါ။”

(၅) အိ​ခ်​လား​စ်​စွေ့​နီ​ယ​သ်

ရည်​ရွယ်​ချက်။ ။ ကောင်းမွန်​တဲ့ အမ​လ်​တိုင်း​ကို အ​လ္လာ​ဟ်(ဆွ​ဗ)အတွက်​ပဲ ရည်စူး​ပြီး လုပ်​ရ​မှာ ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ အိ​ခ်​လား​စ်​နဲ့​အမ​လ်​တိုင်း​မှာ အ​လ္လာ​ဟ်(ဆွ​ဗ)က အင်အား ထည့်​ပေး​မှာ ဖြစ်​ပါ​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် အိ​ခ​လား​စ် ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒု​တ​ယ-မ​ရှ်​က် ကောင်းမွန်​တဲ့ အမ​လ်​တစ်​ခု လုပ်​ခွင့်​ရ​တိုင်း အ​လ္လာ​ဟ်(ဆွ​ဗ)ကို ရှ​က​ရ် ပြု​ကျေးဇူးတင်​ရ​မယ်။ အမ​လ်​ပြီး​တဲ့ အခါ အိ​စ​သ​ဂ​ဖာ​ရ်​ဖတ်​ရ​မယ်။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို ကောင်းမွန်​တဲ့ အမ​လ်​တိုင်း​အား အိ​ခ်​လား​စ်​နဲ့​လုပ်​နိုင်​တဲ့ သောင်​ဝ်​ဖီး​က် စွမ်းအား ချီးမြှင့်​တော်​မူ​ပါ။”

(၆) သ​ဖ်​ရီး​ကေ​ဝက်​သ် (သ​ဗ်​လီး​ဂ်၊အ​လ္လာ​ဟ်​လမ်း​ထွက်​ခြင်း)

ရည်​ရွယ်​ချက်။ ။ မိမိ​ရဲ့ ​ဂျာ​န်(သက်​တမ်း)၊ မာ​လ်(ဥစ္စာပစ္စည်း )၊ ဝက်​သ်(အချိန်)တို့​ကို ဘ၀ သက်​တမ်း​မှာ မှန်ကန်စွာ သုံးစွဲ​တဲ့ နည်း​စနစ်​ကို အ​လ္လာ​ဟ်(ဆွ​ဗ)လမ်း​ထွက်​ပြီး သင်​ယူ​ရ​မယ်။

အကျိုး​ကျေးဇူး။ ။ တစ်​မနက်/တစ်​ညနေ အ​လ္လာ​ဟ့်(ဆွ​ဗ)လမ်း​ထွက်​ခြင်း​ဟာ ​ဒွ​န္န​ယာ​နဲ့ ​ဒွ​န္န​ယာ အတွင်း​မှာ​ရှိ​တဲ့ အရာ​အားလုံး​ထက် သာ​မြတ်​ပါ​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် အ​လ္လာ​ဟ့်(ဆွ​ဗ)လမ်း​ထွက် ခြင်း​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် အ​လ္လာ​ဟ့်(ဆွ​ဗ)လမ်း​ကို ကိုယ်တိုင်​လည်း ထွက်​ရ​မယ်။ အခြား​သူ​များ ထွက်​ဖို့​လည်း တိုက်တွန်း​ရ​မယ်။ မိမိ​ရပ်​ကွက် ပြန်​ရောက်​ရင် အမ​လ်(၅)ရပ်​မှာ အချိန်​ပေး​ရ​မယ်။ အမ​လ်(၅)ရပ်​ကတော့ (၁)ရို​ဇာ​နာ ဖိ​ကိ​ရ် (နေ့စဉ် ​အွ​မ္မ​သ်​အတွက် သောက​ပိုက်​ခြင်း) (၂) နေ့စဉ် ဗ​လီ​နှင့်​အိမ် သ​အ်​လင်​မ် များ​တွင်​ပါဝင်​ခြင်း (၃) နေ့စဉ် နှစ်​နာရီ​ခွဲ အချိန်​ပေး​ခြင်း (၄) အပတ်​စဉ် ပထမ​နှင့် ဒုတိယ ဂ​ရှ်​များ​တွင်​ပါဝင်​ခြင်း
(၅) လ​စဉ် (၃)ရက်​ထွက်​ခြင်း။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ရဲ့ ​ဂျာ​န်(သက်​တမ်း)၊ မာ​လ်(ဥစ္စာပစ္စည်း)၊ ဝက်​သ်(အချိန်)တို့​ကို အ​လ္လာ​ဟ့်(ဆွ​ဗ)လမ်း​မှာ အသုံး​ချ​ခွင့် ချီးမြှင့်​တော်​မူ​ပါ။”

- ဆွ​ဟာ​ဗ​ဟ်(ရ)သာဝက​ကြီး​များ​ရဲ့ အရည်​ချင်း​တွေ​ဖြစ်​ပါ​တယ်။
- ဟောပြော​နည်း​မှာ ပုံသေ​ဘောင်​ခတ်​၍ မ​ဖြစ်​နိုင်​ပါ။
- အလွန်တရာ ကျယ်​ပြန့်​တယ်။ ဘ၀ သက်​တမ်း​ရဲ့ ကဏ္ဍ​တိုင်း​မှာ ပတ်သက်​နေ​တယ်။
- သိ​ပြီး..​ပြော​ပြီး..​ရှိ​လာ​အောင်..​မ​ရှ်​က်​လေ့ကျင့်​နေ​ရ​မှာ ဖြစ်​ပါ​တယ်။

-ယာ-အ​လ္လာ​ဟ် ​အွ​မ္မ​သ်​ထု​တစ်​ရပ်​လုံး​အား အရည်​ချင်း(၆)ရပ်​အပေါ် အမ​လ်​ပြု​နိုင်​စွမ်း ချီးမြှင့်​တော်​မူ​ပါ။(အာ​မိန်း)

စင်စစ် ​သော်ကား အကြင်သူ​ထက် စကား​အရာ​၌ ကောင်းမြတ်​သူ​ကား အဘယ်သူ​နည်း။ ထို​သူ​သည်(သူတစ်ပါး​တို့​အား) အ​လ္လာ​ဟ်​အရှင်​မြတ်​ဘက်​တော်​သို့ ဖိတ်​ခေါ်​သည့်​ပြင် (မိမိ​ကိုယ်တိုင်​လည်း) ကောင်းမြတ်​သော အကျင့်​သီလ​ကို ကျင့်​မူ​ဆောက်တည်​၏။ ထို​မှ​တစ်ပါး ဧကန်​မ​လွဲ ကျွန်ုပ်သည်(မု​စ်​လင်​မ်)အမိန့်တော်​ကို နာခံ​သော​သူ​တစ်​ဦး​ဖြစ်​သည်​ဟု ပြော​၏။ ကု​ရ်​အာ​န် (၄​၁:၃​၃)  ဒါ​ဝ​သ်​သို့​အိ​လ​လ်​လာ(Islam)

1 comment:

တဗ်လိဂ်ကြိုးပန်မူ said...

ဂျဇာကလ်လာဟိုခို၇်.......အလ္လာဟ်အ၇ှင်ကောင်းသောအစားချီးမြင့် တော်မူပါစေ။