Tilte

Sunday, February 6, 2011

ဒုတိယ ဟဇရသ်ကြီးမော်လာနာ မုဟမ္မဒ်ယူစွဖ်ဆပ် ၏ သြဝါဒများ(1)

-ကလေမာဆိုတာ ယကီးန်ကို ပြောင်းလဲခြင်း၊ရုပ်ဝတ္တုများမှ ယကီးန်ကိုဖယ်ရှားပီး
 အရှင်မြတ်ပေါ်မှာသာ ယကီးန်ရောက်သွားရေးအတွက် ကလေမာဟ်ဖြင့် ဖန်တီးယူပါ။
 တမန်တော်မြတ်(စွ)ပြသခဲ့သည်အတိုင်း ယကီးန်ရဲ့ဒအ်ဝါသ် ပေးရမည်။
 ဒအ်ဝါသ်နှင့်အမျှ ယကီးန် အမြစ်တွယ်မယ်၊ တစ်ကိုယ်ထီးတည်း ရှိသည်အခါလည်း
 ကလေမာဟ်ကို အာရုံတစိုက်ရွတ်လျှင် ဖတ်သမျှ ယကီးန် စွဲမြဲမယ်။

-ပစ္စည်းဝတ္တုကို အားမကိုးနဲ့ ။အကြောင်းခံဟာ ဆုံးဖြတ်ချတ် အစစ်အမှန်မဟုတ်။
 ဖြစ်ပျက်နေတာ အမလ် ဆွေဖသ် များကြောင့်ပဲ၊မခ်လူက်ရဲ့ ဖန်ဆင်းရှင်အလ္လာဟ်(စွဗ်)
 နဲ့ သာဖြစ်ပျက်နေတော့ ထိုအရှင်ကိုသာ သိပါ၊သဘောပေါတ်ပါ၊အမိန့် တော်ကို နာခံပါ။

-အရှင်မြတ်သာ အရာရာကို စွမ်းနိုင်တော်မူတယ်။အရာဝတ္တုများ ဘာမျှ မပြုနိုင်ပါ။
 အန္တရယ်ပြုလိုလျှင်လည်း အရှင်မြတ်ကိုသာလိုအပ်နေမည်။အရှင်မြတ်မှ အကျိုး အဆိုး
 ပေးဖို့ ဘယ်ဝတ္တုမှမလိုပါ။

-အကျိုးရလဒ် အသီးအပွင့်ကတော့ အရှင်မြတ်လက်ဝယ်ရှိပါတယ်။ယင်းအတွက် ဗန္ဓဟ်ကို
 တာဝန်မပေးထားပါ။ဗန္ဓဟ်ရဲ့ တာဝန်ကတော့် အရှင်မြတ် ကျေနပ်တော်မူသော လုပ်ငန်းမှာ
 ခိုင်မြဲစွာ ရပ်တည်ပြီး ဘဝတစ်ခုလုံးကို နှစ်မြုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

-မလိုလားအပ်သော အခြေအနေက်ု စွဲမက်သော အခြေအနေဖြင့် လဲလှယ်ရန်
 အီမာန်အတွက်ဂျာန်ကိုစွန်စား၊တမန်တော်မြတ် သရီကဟ်ကမ္ဘာတစ်ခွင်မှာ ပြန့် ရန်အလို
 ငှာ  ရေဆာဗိုတ်ဟာ အပူအအေးကို မမှု့ဘဲ အဆင်းရဲခံ ကြိုးပမ်းရာမှာရှိပါတယ်။

-ကျားအင်္ဂါမှထုတ်၍ မအင်္ဂါမှ ထုတ်သည့်အပြင် လူတိုင်းဟာ တနေ့ မှာ နံဆော်သော
 ပိုးမွှားအကြား ရောက်ရှိပေမည်။ဤသည် ဘုရင်သူတောင်းစား အားလုံးအတွက်
 တစ်ပုံစံတည်း ဖြစ်သလို ဘဝရဲ့ တိုးတက်ကျဆင်းမှု့ အကြောင်းခံ“ယကီးန်အမလ်”
 သည်လည်း အလွှာစုံတို့ အတွက် တစ်ပြေးညီဖြစ်ပါသည်။

-ဖန်းဆင်းရှင်က အလ္လာဟ်(စွဗ်)၊ ဖန်ဆင်းရတဲ့အကြောင်းက တမန်တော်မြတ်(စွ)၊
 ဒီတော့ဘယ်အရာကိုမဆို သုံးစွဲလိုပြီဆိုရင်အလ္လာဟ်ရစူလ်က ခွင့်ပြုသလား၊
 ခွင့်ပြု မပြုကို အာရုံမပြုသူဟာ အလစ်သမား၊သခိုးဖြစ်တယ်။

-တမန်တော်မြတ်(စွ)ရဲ့ နဗူဝါသ်ဟာ ကိယာမာသ်ထိဖြစ်သလို တမန်တော်မြတ်(စွ)
 နေထိုင်မှု့ စနစ်ကလည်း ခေတ်အဆက်ဆက် ကိယာမာသ်တိုင်ဖြစ်ပါတယ်။

-တမန်တော်မြတ်(စွ)ရဲ့ လူနေမှု့ စနစ်ကို ကျင့်သုံးမှ အရှင်မြတ်ကို ရမယ်။
 အခြေအနေကောင်းမယ်လို့ ယုံကြည်ပါ။ယဟူဒ်နစာရာရဲ့ လမ်းကြောင်းမှ
 မုအာရှရသ်ကို ပျိုးထောင်ရင် အခြေအနေပျက်သထက် ပျက်သွားမယ်။

-အဓိကသည် စကြဝဠာမဟုတ်၊ လူဖြစ်တယ်။အဓိကကိုမပြင်၊ ပျက်ဆီးလာပြီဆိုရင်
 ကမ္ဘာမှာလည်း ပျက်ပြားလာမယ်။အကျိုးဖြစ်နေရာ၌အရှုံး၌ တွေ့ ရမယ်။ဂုဏ်သိဏ္ခာမြင့်
 နေတဲ့အတွင်းက သိဏ္ခာကျစရာများ ထွက်လာမယ်။
 ဒီတော့ လူအသုံးမှန်ရင် ကမ္ဘာအသုံးမှန်မယ်၊သင့်ကျိုးပန်းမှု့ ဟာ အံ့စရာပဲ။
 ကျုပ်တို့ ရဲ့ ကျိုးပမ်းမှု့ ဖြင့်အမလ်ကောင်းများ အထက်သို့ ဆန်တက်ရင် ကောင်းသော
 ဆုံးဖြတ်ချက်များကျရောက်လာပါမယ်။အမလ်ပျက်များ တက်သွားရင်တော့
 ပျက်စီးခြင်း၊နှိပ်စက်ခြင်း၊ ပြသာနာထူခြင်းနှင့် အမုန်းပွားမှုများ သက်ရောက်လာမယ်။

-ဒအ်ဝသ်ရှေ့စကြာဝဠာတစ်ခုလုံး ခယ ကျိုးနွံလာမည့်အကြောင်း အရှင်မြတ်၏
 ကတိတော်လာရှိထား၏။ထို့ ကြောင့် အခြေအနေအရပ်ရပ် ကောင်းမွန်ရေးတာဝန်ကိုလည်း
 အရှင်မြတ်သာ ယူထားပါတယ်။

-ဒုစရိုက်ကြောင့်ဖြစ်စေ၊ ဖရပ်ဇ်များ မစောင့်စည်း၊ ချိုးဖောက်၍ဖြစ်စေ၊ ချဉ်းကပ်လာသမျှ
 အဇာဗ်ကို သင်တို့ ကအနုမြူဗုံးနဲ့ တားဆီးလို့ မရပါ။
 မိမိအတွင်း အီမာန်ကို ရယူလျက် အရှင်မြတ်ဘက် အာရုံပြုကြပါ။
 ဒါမှ မိမိနဲ့ တကွ အစ္စလာမ်ကမ္ဘာကို ထိမ်းသိမ်းဟန့် တားနိုင်မယ်။

-တမန်တော်မြတ်(စွ)ကြိုးပန်းခဲ့တဲ့ ဗရကသ်များကိုအကြောင်းပြုပြီး ယနေ့  အွမ္မသ်တွက်
 ရဟ်မသ် တံခါးများ ပွင့်နေခြင်း ဖြစ်တယ်။ဒီတော့ တမန်တော်နည်းလမ်းဖြင့် ကြိုးပန်းမှု
 ပြန်နှံ့ လာရေးအတွက် အနည်းငယ် ဇောက်ချကြိုးစားကြရင် အရှင်မြတ်ဟာ ယခုအွမ္မသ်ရဲ့
 စည်ပင်ဝပြောတဲ့ တံခါးများကို အပြည့်အဝဖွင့်တော်မူမည်။

-မှားယွင်းသော ကြိုးပမ်းမှုကြောင့် မခ်လူက်ဟာ ဘေးဒုက္ခ ဝဲဂယက်ထဲမှာ နစ်မွန်းနေချိန်မှာ
 အရှင်မြတ်ထံတော်မှ တိုက်ရိုက်ဆွတ်ခူးရာဘက် လူ့ အာရုံ ကူးပြောင်းသွားရန်
 ကြိုးပမ်းတော့မှ လွတ်မြောက်နိုင်မယ်။

-ယနေ့ ကမ္ဘာ့ ပြသာနာအသွယ်သွယ် ပေါ်ပေါက်နေတာဟာ စင်စစ် မိမိအားလပ်ချိန်ကို
 မှားယွင်းသော နေရာများမှာ သုံးစွဲနေကြလို ဖြစ်တယ်။
 သိတက်တဲ့ အမြှော်အမြင်ရကြပါစေသား။

-ယကီးန်ရဖို့ ကြိုးပမ်းပါ။ကြိုးပမ်းကာလမှာ အထိတ်တလန့် ဖြစ်ရင်လည်း သီးခံလိုက်ပါ။
 ထာဝရ စိုးရိမ်မှု ဘေးမှ လွတ်မြောက်သွားမယ်။အနည်းငယ်ဝမ်းဟာ၊ဗိုက်ဆာရင်လည်း
 သီးခံလိုက်ပါ။ထာဝရအငတ်ဘေးမှ လွတ်ကင်းသွားမယ်။မိသားစုမှအနည်းငယ်
 ခွဲခွာရသော်လည်း ခွဲခွါလိုက်ပါ။အစဉ်အမြဲ ဆုံဆည်းတဲ့ အခွင့်အရေးကို ရရှိပါမယ်။

-ငွေကြေးရဲ့ လက်ရုံးအားကြောင့် ရှင်သန် လည်ပတ်နေတာလို့ ယုံကြည်လျက်
 ကဗရ်ထဲရောက်ရင်“ကျွန်တော့်ရဗ်ဟာ အလ္လာဟ်ပါ”လို့ ဖြေနိုင်မည်မဟုတ်ပါ။
 အကြိမ်ပေါင်းသန်းချီ၍ သပ်က်ဗီးရ် ရွတ်ဆိုစေခဲ့ကာမူ နှလုံးသားမှ
 အဖြေမှန် ထုတ်နိုင်မည်မဟုတ်ပါ။ကမ္ဘာ့အမှိုက်သရိုက်၊ ဥစ္စာ အာဏာဖြင့်
 မအောင်မြင်နိုင်ကြောင်းကို မသေမီ စိတ်နှလုံးအတွင်း သွတ်သွင်းကြပါ။(>)
http://www.facebook.com/mrsomeoneelse#!/notes/-/-/188105964535593

No comments: