Tilte

Sunday, February 6, 2011

ပထမ ဟဇရသ်ကြီးမော်လာနာ အိလ်ယားစ်ဆပ် ၏ သြဝါဒများ(ပ၊ဒု)

-အကီဒဟ်ဆိုသည်မှာ ကျစ်လစ်ခိုင်ခန့် အောင်တုတ်နှောင်ခြင်းဖြစ်သည်။စွဲမြဲသက်ဝင်ခြင်း၊
 အကီဒဟ်ဆိုင်ရာခံယူချက် ပေါ့လျော့သည်နှင့် ကွဖ်ရ်ဖြစ်သွားပေမည်။

-အရှင်မြတ် အမိန့် တော်နာခံရာမှ အရသာစည်းစိမ် ဆွတ်ခူး မြူးတူးသွားခြင်းသည် အဗ်ဒီယသ်-
 ဗန္ဒာဟ်ဖြစ်သည်။
 အဗ်ဒီယသ်-ဗန္ဒာဟ် ပီသ သည်နှင့်အမျှ အရာဝတ္တုတိုင်းသည် အသင့်ကျွန်ခံလာကြပေမည်။

-ကလေမဟ်၏ ပထမှအပိုဒ်တွင် သောင်ဟီးဒ် အကာအဒ် နှင့်
 အရှင်မြတ်၏မအ်ရိဖသ်များပါဝင်သည်။
 ဒုတိယအပိုဒ်တွင် တမန်တော်မြတ်၏(စွ)အားသတ်သေခံသကဲ့သို ကိုယ်တော့်
 အနွံတာခံရန်လည်းပါဝင်သည်။

-မည်သည့်ကိစ္စကိုပင်ဖြစ်စေ၊ အရှင်မြတ်၏ အမိန့်တော်အရ မဆောင်ရွက်ပါမူ
 မိမိကလေမဟ်သည် မပြည့်စုံသေးပေ။

-စိတ်လိုရာနှင့် ကိုယ်ကျိုးမဖက် နဖ်စ်စေရာရဲ့ အနွံတာမခံအမိန့် 
 တော်အတွက်အသက်သိက္ခာကိုပင်
 စွန့် ရသည်ဖြစ်စေ၊နှမြောတွန့် တို ဆိုင်းငံ့နှေးကွေးမည်မဟုတ်ဟု ဝန်ခံခြင်းသည် “လာအိလာဟ
 အိလ်လလ္လဟဟ်” ဖြစ်သည်။

-ကိုယ်ကာယသန့် စဉ်နေလျင် စိတ်နှလုံးလဲရွှင်နေမည်။ကလေမာဟ် စာပုဒ်သည် ကိုယ်ကာယ၊
 ကလေမာဟ်၏အာရုံသည် ဝိညာန် ကလေမာဟ်စာပိုဒ်ကို ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ကြပါ။

-လားအိလာဟ   ။  ။ ကိုယ့်စီမံကြံ ဆရာလမ်းကို မလျောက်ပါ။
 အိလ်လ္လာဟ်      ။  ။ အရှင်မြတ်မှ ထုတ်ပြန်သော အမိန့် တော်ဆိုလျင် အသက်နဲ့ လဲပြီး
                            အကောင်အထည်ဖော်မည်။ဤမျှ တစိတ်တလက်ထဲ ပြောဆိုဝန်ခံသူသည်
                            ဂျန္နသ်သို့  မုချရောက်ရှိပေမည်။


-ကလေမာဟ်ဖြင့် ပြောင်းလဲရပါမည်။အခြေအနေဟူသရွေ့အလုံစုံကို ဆောင်ရွတ်မည်။သို့ သော်
 နဖ်စ်အလိုကျမဟုတ်။အရှင်မြတ်အတွက်သာ ဆောင်ရွက်ရမည်။ဤသို့ ပြောင်းလဲရပါမည်။

-စိတ်ကြိုက်နှင့် ကိုယ်ကျိုးအတိုင်း မလျှောက်တော့ပါဟူသည် “လာအိလာဟ”
 အရှင်မြတ်၏အမိန့် တော်အတိုင်း ကျင့်ကြံပါမည်ဟု ကတိပြုချင်းသည် “အိလ်လလ္လဟ်”

-“လားအိလာဟ”သည် နဖ်စ်အမိန့် ၊“အိလ်လလ္လ်ာ”သည်အလ္လာ့ဟ်အမိန့် ၊“လားအိလာဟ
  အိလ်လလ္လ်ာ”ဆိုသည်မှာ အရှင်မြတ်၏ အမိန့် တော်များကို “မုဟမ္မဒွရ် ရစူလ္လာဟ်”ထံမှ
  ရှာဖွေ ဆည်းပူးပါလေ။

-နှလုံးသားအားဖြင့် အရှင်မြတ်နှင့် ဆက်သွယ်ပေါင်းစပ်လိုက်ခြင်းသည် ကလေမာဟ်၏
 ပထမအပိုဒ်၊စိတ်နှလုံးသားမျက်နှာကို အရှင်မြတ်ဘက်သာ လှည့်ရန်မှာ
 တမန်တော်မြတ်(စွ)နောက်လိုက် ပီသခြင်း၌ ရှိသည်မှာ ဒုတိယအပိုဒ်။

-“လားအိလာဟ”စိတ်စေရာကို မလိုက်နှင့်။အိလ်လလ္လာဟ် အရှင်မြတ်၏ အမိန့် 
  တော်နောက်လိုက်ပါ။“မုဟမ္မဒွရ် ရစူလွလ္လာဟ်”အသင်လို ညစ်ညမ်းသူက အရှင်မြတ်အမိန့် 
  တော်ကိုမည်သို့ သိနိုင်ပါမည်နည်း။တမန်တော်မြတ်(စွ)ပင် အမိန့် တော်ကို ညွန်ပြသွားပေမည်။

-အမိန့် တော်များ ရှင်သန်လာရန်အလို့ ငှာအသက်စွန်စားရမည့်အကြောင်းခံကို
 ရှာဖွေခြင်းသည်“အစ္စလာမ်”ဖြစ်သည်။

-အမလ်သည် စင်္ကြန်လမ်းဆိုလျင် အမိန့် တော်များကား  ကြိုးအသွယ်သွယ်ဖြစ်သည်။
 ယင်းကြိုးများမှတဆင့် အရှင်မြတ်ထံ ပေါက်ရောက်နိုင်ပေသည်။

-တမန်တော်မြတ်(စွ)ကိုလက်ခံခြင်းသည် ကိုယ်တော့်သြဝါဒကို လက္ခံခြင်းပင်။
 ကိုယ့်တော်သြဝဒနှင့် အမာလ်များအတွက် စိတ်မကြည်
 မချမ်းမြေ့ခြင်းသည် ကိုယ့်တော်အား ချစ်သည့် သာဓကဖြစ်သည်။
 ဤသို့ သာဓက မပြနိုင်သော အချစ်သည်လက်ခံဖွယ်ရာ မဖြစ်နိုင်။    

စာကူးသူ(M ilyas)
ကလေမာဟ်၏ဖိတ်ခေါ်သံ နှင့် ဒါအီ၏(၆)ခွန်းကြိုးပမ်းမှုကျမ်း

No comments: