Tilte

Tuesday, April 19, 2011

ဒါအီ၏ ၆ခွန်း ကြိုးပန်းမှု (ဟဇရသ် မော်လာနာ စအဒ်ဆပ်)

မိတ်တွေတို့ -သဗ်လီးဂ်ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး မုဇာကရဟ် လုပ်ဖို့ စုရုံးနေခြင်းဖြစ်ပါတယ်။
ကြိုးပန်းမှုကတော့ အားလုံးမှာရှိပါတယ်။သို့ သော် လူတိုင်း မအောင်မြင်ကြပါ။တမန်တော်မြတ်(စွ)ရဲ့စနစ်နဲ့ 
ထပ်တူဖြစ်မှ ကြိုးပန်းမှုထိရောက်ပါတယ်။ဒီတော့ ကြိုးပန်းမှုမှာ နဗီရဲ့အသွေးအရောင်ရှိဖို့  လိုတယ်။

အရှင်မြတ်ရဲ့အလိုတော်နှင့် လုပ်ငန်းဖြစ်နေတာ ရှင်းပါတယ်။ သို့ သော် နဗီရဲ့လုပ်ငန်းလို့ခေါင်းစဉ်
တပ်ထားသော်လည်း နဗီရဲ့အချင်းလက္ခဏာကင်းမဲ့နေပါတယ်။နဗီရဲ့ အချင်းအဆင်းဆိုတာ ဘာလဲ-

အဘယ်မျှ ကြိုးပမ်းခိုင်းသလဲ၊ ထိုမျှပင် လုပ်ကိုင်ကြိုးပမ်းရမယ်။
အဲဒါ“မေဇာဂျေနဗူဝသ်”အကယ်၍  လုပ်ငန်းကို ကိုယ့်ဆန္ဒ၊ ကိုယ်သဘောနဲ့ လုပ်နေသမျှတော့သဘာဝနဲ့
ဆန့်ကျင်ဘက်အကူအညီ မရနိုင်ဘူး။နွစ်ရသ်ဟာ“မေဇာဂျေနဗူဝသ်”နဲ့ပဲသက်ဆိုင်တယ်။
နဗီရဲ့အရောင်အဆင်းထင်ရှားလာသည်နှင့်အမျှအကူအညီအထောက်အပံ့ကို ရရှိမည်။
အလုပ်ဟာ ဗယာန်နဲ့မတွင်ကျယ်ဘူး။“မေဇာဂျေနဗူဝသ်”နဲ့ပဲလုပ်ဆောင်ရပါမယ်။ ကြိုးပမ်းမှုတစ်ရပ်လုံးရဲ့
အနှစ်အချုပ် ကတော့အရည်အချင်း ၆-ရပ်ကို ဒအ်ဝသ်ရဲ့ လမ်းကြောင်းမှတဆင့် ကူးယူရမယ်။
နံပတ်စဉ်တိုင်းမှာ ၃ချက်စီ ရှိတယ်။လူသစ်လူဟောင်းတို့ ဟာ ယင်းကြိုးပန်းမှုများကိုဂရုမပြုရင်တော့
(၆)ချက်ရဲ့ အတိမ်အနက် အစစ်အမှန်ဆီကိုရောက်မှာမဟုတ်ဘူး။ ဒီတော့ မုဇာကရဟ်လုပ်ရင်းနဲ့ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လောက်လုပ်ရမလဲဆိုတာထင်ရှားလာမယ်။ အဲဒီအတိုင်း ကြိုးပမ်းမှ မေဇာဂျေနဗူဝသ်ကိုရမယ်။

ပထမကတော့ “ဒါအ်ဝသ်”၊ ဒါအ်ဝသ်ဘာကြောင့်ပေးရသလဲ၊ ဘာမက်စဒ်နဲ့ ဖိတ်ခေါ်ရသလဲ၊ မိမိအတွင်းသွတ်သွင်းလိုရင် သဗ်လိဂ်း အရည်အချင်းအားဖြင့် ထည့်သွင်းဖန်တီးရပါတယ်။ ကိုယ့်အထဲ စွဲငြိလာရေးအတွက် အခြားသူအတွင်းရောက်ရှိဖို့  ကြိုးစားလေ့ကျင့်ယူရမယ်။ ဒါအ်ဝသ်ရဲ့ကောင်းခြင်းလက္ခဏာ တခုက ဒါအီဟာ အလုပ်တရပ်ဘက် ဒါအ်ဝသ်ပေးလာရင် ဒါအ်ဝသ်ကြောင့် ၄င်းရဲ့အနက်အမှန်ဟာ ကာယကံရှင်ရဲ့ အတွင်းမှာ ကူးစက်ကိန်းအောင်းလာရပါတယ်။ အလ္လာဟ်ရဲ့ အစီအမံကိုက ဒီအတိုင်းပဲ။
သို့ သော် ဒါအ်ဝသ်ပေးတဲ့အခါ ၄င်းရဲ့ ဟကီကသ်ကိုသာ ရှေ့တန်းတင်ထားရမယ်။

မိတ်ဆွေတို့ အဓ္ဓခေါင်းငြိမ့်လက်ခံသွားရေးသည် ဒါအ်ဝသ်ရဲ့အခြေခံ မဟုတ်ပါ။
ကိုယ်ဒါအ်ဝသ် ပေးသမျှ အချက်များက မိမိရဲ့ ယကိန်း အသွင်ပြောင်းလဲရန်သာ နိယသ်ရှိရပါမယ်။

ဒါဝသ်ဖြင့် အခြားသူ အစ္စလာမ်ရရန်မဟုတ်။မိမိယကီးန် ကိုပြောင်းလဲရန်သာဖြစ်တယ်။ ကလေမာဟ်မှ စတင်ပြီးအွမ္မသ်ကို နဗူဝါသ်လမ်းမှရသော လုပ်ငန်းအပေါ် တင်ပေးသည်အထိ အားလုံးရဲ့ယကီးန်စွဲမြဲ သွားဖို့ဖြစ်တယ်။

မိတ်ဆွေတို-့နဗီများဟာအရေးတကြီးအခြေခံကြိုးပန်းမှု ပြုခဲ့တာဟာ“လာအိလားဟ အိလလ်လာ”သာဖြစ်ပါတယ်။
ဒါကို မရယူသေးရင် အမလ်အပေါ်စွဲမြဲမှုနဲ့ အမလ်အားဖြင့် အရှင့်ဘဏ္ဌာတော်မှ ကျိုးဆွတ်ခူးနိုင်တဲ့ နည်းလမ်းရှိမှာမဟုတ်ဘူး။ပထမအချက်ကို မဟ်နသ်အားဖြင့် ရရှိအောင်လုပ်ရမယ်။

မိတ်ဆွေတို-့တိကျတဲ့အမလ်၊ ယင်းအမလ်မှရတဲ့ ကုသိုလ် စဝါဗ်၊
တစ်ဖန် ၎င်းအမလ်အားဖြင့် အာခေရသ်မှာပဲ ရရှိရုံ မဟုတ်ပါ။
သို့ပင်မက အရှင်မြတ်ရဲ့ ဘဏ္ဌာတော်မှ တိုက်ရိုက်အကျိုးရယူရန် အတွက်ပါဖြစ်ပါတယ်။
တစ်လမ်းတည်း၊စည်းကမ်းချက် တစ်ချက်တည်းလိုပါတယ်။ စစ်မှန်တဲ့ အီမာန်ကိုရှာယူပါ။
အရှင်မြတ် ကတိပြုထားတာကို ယကီးန်ရအောင် သင်ယူပါ။ ယင်းကို လက်ခံယုံမဟုတ်၊ ယုံကြည်ဖို့အရေးကြီးပါတယ်။
-တစ်ချက်က အီမာန်ရဲ့ သဘောတရား၊ ဒါက ဦးနှောက်အထိပဲ ရောက်တယ်။
-တစ်ချက်က အီမာန်ရဲ့ စာလုံးစာသား၊ ဒါက စာအုပ်အထိပဲ ရောက်တယ်။
-တစ်ချက်က အီမာန်ရဲ့ အသံဗလံ၊ ဒါက နားအထိပဲ ရောက်တယ်။
-တစ်ချက်က အီမာန်ရဲ့ စကား၊ ဒါကနှုတ်လျှာအထိပဲ ရောက်တယ်။
-တစ်ချက်က အီမာန်ရဲ့ “အစ်ခလာစွ်” ဒါက နှလုံးသားအထိ ရောက်တယ်။

ကလေမာဟ်ရဲ့ အစ်ခလာစ်ွကဘာလဲ၊ ကလမာဟ်ရှင်ကို ဒီကလေမာဟ်က ဟရာမ်မှ တားဆီးပေးရမယ်။
ရှိရ်က်ဟာ ကလေမာဟ်ရှင်ကို လူးလိမ့်ခံစားစေသလို ကလေမာဟ်တော်ဟာ ကလေမာဟ်ရှင်နှင့်
ဟရာမ်များအကြားအတားအဆီး ဖြစ်ရမယ်။ ဒါမှ မုအ်မင်န်ရဲ့ လက္ခဏာပေါ်လွင်မယ်။

အလ္လာဟ်ရဲ့ ဇာသ်၊ အလ္လာဟ်ရဲ့ ဆွေဖာသ်၊ အလ္လာဟ်ရဲ့ ရဗ်ဖြစ်ခြင်း ကဏ္ဍမှာ တစ်စုံတစ်ရာကို ဖက်စပ်ပြုခြင်းသည်
မွအ်မင်န်အဖို့ စိတ်မချမ်းမြေ့စရာ အကြောင်းဖြစ်သည်။
အီမာန်ရဲ့ဟကီကသ် မရသေးသမျှ ကာလပတ်လုံး ရှိရ်က်မှရှောင်ရန် ဖြစ်နိုင်ချေမရှိပါ။
သို့ သော် အိလ်မ်က လမ်းညွန်မှုပေးလျှင် တစ်ကဏ္ဍပါ။
ဒါပေမဲ့ ယနေ့ ပစ္စည်းဝတ္တုကို ဆက်သွယ်ပတ်သက်စရာဟု လက်ခံနေတာက အီမာန်မဲ့ခြင်းရဲ့ အခြေခံအုတ်မြစ်ပဲ။

ငလျင်လှုပ်လာရင် မြေပထဝီသုတေသီကို မေးစမ်း၊ ငလျင်ဘာကြောင့်လှုပ်သလဲ။
ကပ်ဆိုက်လာရင် သိပ္ပံပညာရှင်ကို ကပ်ဘာကြောင့်ဆိုက်သလဲ၊
ရောဂါဝေဒနာစွဲကပ်လာရင် ကျန်းမာရေး ဝန်ကြီးကိုမေးစမ်း ရောဂါ ဘာကြောင့်ဖြစ်သလဲ။

အကယ်၍ အီမာန်ရဲ့ ဟကီကသ်ရှိလျှင် ငလျင်လှုပ်တာ ဇေနာ များလာတာကြောင့်။
ကပ်ဆိုက်တာ အလေးတင်းတောင်း ခြင်တွယ်ရာတွင်ခိုးဝှက်လာတာကြောင့်လို့ ပြောကြမယ်။
ဒီတော့ အီမာန်ရဲ့ ဟကီကသ် ဝင်ဆန့် သွားရင် အခြေအနေကို ကိုယ့်ရဲ့ မကောင်းမှုနဲ့ ဆက်စပ်ကြည့်မယ်။

အရှင်မြတ်ဟာ ကမ္ဘာ့အစီအမံကို မြင်တွေ့ ရတဲ့ အပ်စ်ဗာဗ်(အကြောင်းခံ)နဲ့ မဆက်စပ်ထားပါ။
ကျုပ်တို့ ကတော့ ဒွန္နယာဟာ ဒါရွလ်အပ်စ်ဗာဗ် လို့ ပြောပြီး အပ်စ်ဗာဗ်ကိုပဲ ကြိုက်နေကြတယ်။

ဝတ္တုပစ္စည်း၊ အလုပ်ရုံ၊ ဆိုင်၊ လယ်ဟာ၊ ဝန်ထမ်း အစရှိတာတွေဟာ အပ်စ်ဗာဗ်ဂိုင်ရ် အတွက်ဖြစ်တယ်။
ကျုပ်တို့ ရဲ့ အပ်စ်ဗာဗ်ကတော အအ်မာလ်ဖြစ်တယ်။ ဒါကြောင့် ဒါရွလ်အပ်စ်ဗာဗ်လို့ ခေါ်တယ်။

အရှင်မြတ်ရဲ့ အမိန်ပညတ်တော်များက အပ်စ်ဗာဗ်ဖြစ်တယ်။ အီမာန်ရှင်က စဗဗ်ကို ကိုင်ရင်တောင် အရှင့်အမိန်တော်အရပဲဖြစ်တယ်။အပ်စ်ဗာဗ်ကြောင့် လက်လှမ်းမှာ မဟုတ်ဘူး။
အမိန်တော် အရ စဗဗ်ကို ကိုင်ရင် အကျိုးစဝါဗ်လည်း ရရှိမယ်။ ကွဒ်ရသ်အရ အောင်မြင်မှုကို ချီးမြှင့်မယ်။

မိတ်ဆွေတို-့အရှင်မြတ်ရဲ့ ကွဒ်ရသ်ဟာ အပ်စ်ဗာဗ်နဲ့ ဆက်စပ်နေတယ်လို့ ပြောတာ မှားတယ်။
ကွဒ်ရသ်အားဖြင့် အကျိုးဆွတ်ခူးချင်ရင် အအ်မာလ်လုပ်ပြီး ဆိုင်ထိုင်၊ အအ်မာလ်ဆောက်တည်ပြီး အရောင်အဝယ်လုပ်၊ အအ်မာလ်ကျင့်ဆောင်ပြီး အလုပ်ရုံသွား၊ ဒါလည်းမဟုတ်သေးဘူး။

မိတ်ဆွေတို့ ကွဒ်ရသ်ဟာ အပ်စ်ဗာဗ်ရဲ့ အနွံတာခံမဟုတ်။ အပ်စ်ဗာဗ်က ကွဒ်ရသ်ကို ချုပ်ထားတာမဟုတ်ဘူး။ အပ်စ်ဗာဗ်ရဲ့ အချုပ်ချယ်ခံဆိုရင် ကွဒ်ရသ်တောင်မဟုတ်ဘူး။
စင်စစ်မှာ အပ်စ်ဗာဗ်ဟာ ကွဒ်ရသ်အတွင်းမှာရှိတယ်။
အလိုတော်ရှိရင် ကွဒ်ရသ်တော်အရ အပ်စ်ဗာဗ်မပါဘဲနဲ့ တိုက်ရိုက်အောင်မြင်မှု ပေးတော်မူတယ်။
နဗီများဟာ အွမ္မသ်ကို အပ်စ်ဗာဗ်ရဲ့ လမ်းကြောင်းမှာထားမသွားဘူး။
အရှင့်ဘဏ္ဍာတော်မှ ဟကီကသ်ဝင်ရင် အလ္လာဟ် ထံကယူတဲ့ အပ်စ်ဗာဗ်ဟာ ဆိုင်၊ လယ်ယာ၊ အလုပ်ရုံ၊ ဝန်ထမ်းစသည်များလား...။သို့ မဟုတ် အရှင်မြတ်ရဲ့ အမိန်တော်လားဆိုတာ ညွန်ကြားလိမ့်မယ်။(>>>)