-အရည် ချင်း(၆)ရပ်၏ လေးနက်သော သဘောတရား အနှစ်သာရမပါ၊ ရည်ရွယ်ချက်များ ဗလာနတ္တိ၊ အရည်ချင်း(၆)ရပ်၏ အိလင်မ်သာရှိနေလျှင် ယင်းအိလင်မျ္ဖင့် အခြားသူများကို ပြုပြင်မည့် နီယသ်သာ ရှိမည်။ မိမိအား ပြုပြင်ပြောင်းလဲရန် ရည်းစူးမည်မဟုတ်။ ဤသို့သော (၆)ရပ်၏ ဒအ်ဝသ်ဖြင့် မိမိအဖို့ယကီးန် အစစ်အမှန်ကို ရယူနိုင်မည်မဟုတ်။ ထို့အပြင် အခြားသူများအားလည်း ယင်းဒအ်ဝသ်၏ ရလဒ် အကျိုးများ သက်ရောက်မည် မဟုတ်ပေ။ (ဟဇရသ်ကြီး မော်လာနာ ယူစွဖ်ဆပ်)
ဆွ ဟာဗဟ်(ရ)သာဝကကြီးများဟာ တမန်တော်မြတ်(စွ)ရဲ့အနီးအပါးမှာနေပြီး မြောက်များ စွာသော အရည်အချင်းများကို ရရှိ ခဲ့ ပ ါတယ် ။ ထို အ ရည် အချင်း များထဲမှ အချို့သော အချက် အလက်များ (အရည် အချင်း-၆-ရပ် ) ကိုလက်တွေ့ လိုက်န ာ ကျင့်သုံးသွားမယ်ဆိုရင် ဒီးန်တစ်ခုလုံးပေါ်မှာ လွယ်ကူစွာ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ၎င်းအအရည် အချင်းများမှာ - - - ၁။ကလိမဟ် သွို ယိဗဟ် (လာအိလားဟ အိလ်လလ်လာဟူ မုဟမ္မဒ်ဒွရ် ရစူလ်လလားဟ်) ၂။ စွေဖားသေ နမာဇ် (ခ) နမာဇ်ရဲ့ အရည်အချင်း ၃။ အိလင်မ်နဲ့ ဇိကိရ် ၄။ အိက်ရာမေမွစ်လင်မ် ၅။ အိခ်လားစ်စွေ့နီယသ် ၆။ သဖ်ရီကေ ဝက်သ် (သဗ်လီးဂ်၊အလ္လာဟ်လမ်းထွက်ခြင်း)
(၁) ကလိမဟ် သွိုင်ယိဗဟ်
ရည်ရွယ်ချက်။ ။ ဖန်ဆင်းခံမှာ စွမ်းအားမရှိဘူး။ ဖန်ဆင်းရှင် အလ္လာဟ်(ဆွဗ)မှာဘဲ စွမ်းအားရှိတယ် တမန်တော်မြတ်(စွ)ရဲ့ နည်းစနစ်မှာဘဲ ရာနူန်းပြည့် အောင်မြင်မှုရှိတယ်။ အခြားနည်းစနစ်တွေမှာ ဆုံးရူံးမှုရှိတယ်ဆိုတဲ့ ယံျုကည်ချက် နှလုံးသားထဲ ရောက်ရလာဖို့ဖြစ်ပါတယ်။
အကျိုးကျေးဇူး။ ။ ကလိမဟ်ကို အိခလားစ်နဲ့ တစ်ကြိမ်ဖတ်ရင် ယခင်က ကျုးလွန်ခဲ့တဲ့ ဂုနဟ်တွေကို အလ္လာဟ်(ဆွဗ)က ခွင်လွတ်ပေးမှာ ဖြစ်ပါတယ်။ စွန္နသ်တော် တစ်ခုကို အကောင် အထည်ဖော်ရင် ရှဟီးဒီ ပေါင်း(၁၀၀)ရဲ့ အကျိုးစဝါးဗ်ကိုရမှာ ဖြစ်ပါတယ်။
ရယူနည်း။ ။ ပထမ-ဒအ်ဝသ် ကလိမဟ်ရဲ့ အကျိုးကျေးဇူးတွေကို တင်ပြပြီး ဒအ်ဝသ်ပေးရမယ်။ စွန္နသ် တော်များရဲ့ အကျိုးကျေးဇူးတွေကို တင်ပြပြီး ဒအ်ဝသ်ပေးရမယ်။ ဒုတိယ-မရှ်က် အလ္လာဟ်(ဆွဗ)ရဲ့ကြီး ကျယ်မှုတွေကို များများပြော၊ များများနားထောင်၊ များများကြည့်၊ များများစဉ်းစားရမယ်။ ဒီလိုင်း (၄)လိုင်း နဲ့ဘဲ အလ္လာဟ်(ဆွဗ)ရဲ့ကြီးကျယ်မှုတွေ နှလုံးသားထဲက်ို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ စွန္နသ်တော်များကို ရှာဖွေသင်ယူပြီး လက်တွေ့အမလ်လုပ်ရမယ်။ တတိယ-ဒိုအာ “ယာ-အလ္လာဟ် ကျွန်တော်မျိုး/ကျွန်တော်မျိုးမတို့ကို ကလိမဟ်ရဲ့ ဟကီကသ် (အနှစ်သာရ)ကို ချီးမြှင့်တော်မူပါ။ ကလိမဟ်နဲ့အညီ သက်တမ်းမွေးမြူနိုင်တဲ့ သောင်ဝ်ဖီးက် စွမ်းအားချီးမြှင့်တော်မူပါ။ စွန္နသ်တော်နဲ့ကိုက်ညီတဲ့ သက်တမ်းမွေးမြူနိုင်တဲ့ သောင်ဝ် ဖီးက် စွမ်းအား ချီးမြှင့်တော်မူပါ။”
(၂) စွေဖားသေ နမာဇ် (ခ) နမာဇ်ရဲ့ အရည်အချင်း
ရည်ရွယ်ချက် ။ ။ကျွန်တော် မျိုး/ ကျွန်တော်မျိုးမတို့ရဲ့ ဘဝသက်တမ်းတစ်ခုလုံးက နမာဇ် ရဲ့ အရည်အချည်းများပေါ် ရောက်ရှိသွားဖို့ဖြစ်ပါတယ်။
အကျိုးကျေးဇူး။ ။ နမာဇ်(၅)ကြိမ် စွဲစွဲမြဲမြဲ ဖတ်တဲ့သူကို အလ္လာဟ်(ဆွဗ)ကိုယ်တိုင် ဂျန္နသ်ပို့ပေးမှာ ဖြစ်ပါတယ်။ နမာဇ်မဖတ်တဲ့သူနဲ့ ပတ်သက်ပြီး ဘာမှ တာဝန်ယူထားခြင်း မရှိပါဘူး။
ရယူနည်း။ ။ ပထမ-ဒအ်ဝသ် နမာဇ်ရဲ့ အကျိုးကျေးဇူးတွေကို တင်ပြပြီး ဒအ်ဝသ်ပေးရမယ်။ ဒုတိယ-မရှ်က် နမာဇ်(၅)ကြိမ်ကို စွဲစွဲမြဲမြဲ ဖတ်ရမယ်။ဝါဂျိဗ်၊ စွန္နသ်၊ နဖိလ် နမာဇ်တွေကို ဖတ်ရမယ်။ ညမှာထပြီး ရှည်လျားတဲ့ ရကအသ်တွေနဲ့ နမာဇ်ကို မရှ်က်လုပ်ရမယ်။ တတိယ-ဒိုအာ“ယာ-အလ္လာဟ် ကျွန်တော်မျိုး/ကျွန်တော်မျိုးမတို့ကိုတမန်တော်မြတ်(စွ)နဲ့ဆွဟာဗ ဟ်(ရ)များဖတ်သကဲသို့နမာဇ်ဖတ်နိုင်တဲ့ စွမ်းအား ချီးမြှင့်တော်မူပါ။”
(၃) အိလင်မ်နဲ့ဇိကိရ်
အိလင်မ်
ရည်ရွယ်ချက်။ ။ အခြေအနေတိုင်း အချိန်ခါတိုင်းမှာ အလ္လာဟ်(ဆွဗ)အမိန့်ဘာရှိသလဲဆိုတာ သိပြီးတော့နာခံခြင်း ဖြစ်ပါတယ်။
အကျိုးကျေးဇူး။ ။ အကြင်သူဟာ အိလင်မ်သင်ယူဖို့ခရီးထွက်တယ်ဆိုရင် ဂျန္နသ်သွား ရာလမ်းကို လွယ်ကူစေမှာ ဖြစ်တယ်။
ရယူနည်း။ ။ ပထမ-ဒအ်ဝသ် အိလင်မ်ရဲ့ အကျိုးကျေးဇူးတွေကို တင်ပြပြီး ဒအ်ဝသ်ပေးရမယ်။ ဒုတိယ-မရှ်က် ဖဇာအိလ်ကို သအ်လင်မ်ရဲ့ ဟလ်ကာ (ထိုင်ဝိုင်း)မှာ သင်ယူရမယ်။မစာအိလ်ကို အာလင်မ် ပညာရှင် တွေထံမှာ သင်ယူရမယ်။ တတိယ-ဒိုအာ“ယာ-အလ္လာဟ် ကျွန်တော်မျိုး/ကျွန်တော်မျိုးမတို့ကိုအိလင်မ်ရဲ့ ဟကီကသ် (အနှစ်သာရ)ကို ချီးမြှင့်တော်မူပါ။ အမလ်လုပ်စေနိုင်မဲ့ အိလင်မ်မျိုးကို ချီးမြှင့်တော်မူပါ။”
ဇိကရ်
ရည်ရွယ်ချက်။ ။ ၂၄-နာရီကာလပတ်လုံး အလ္လာဟ်(ဆွဗ)ကို သတိရနေခြင်း ဖြစ်ပါတယ်။
အကျိုးကျေးဇူး။ ။ အကြင်သူရဲ့ နှုတ်လျှာက အမြဲတစေ ဇိကိရ်နဲ့စိုပြေနေမယ်ဆိုရင် ဂျန္နသ်ကို ရယ်မောပျော်ရွှင်စွာ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
ရယူနည်း။ ။ ပထမ-ဒအ်ဝသ် ဇိကိရ်ရဲ့ အကျိုးကျေးဇူးတွေကို တင်ပြပြီး ဒအ်ဝသ်ပေးရမယ်။ ဒုတိယ-မရှ်က် ၃-သစ်ဗီးဟ်ကို အချိန်နေရာ သတ်မှတ်ပြီး အာရုံနဲ့တကွ စိတ်ရမယ်။ အခြား ဇိကိရ်များလည်း စိတ်ရမယ်။ နေ့စဉ် ကုရ်အာန်ကို သတ်မှတ်ပြီး သိလာဝသ်လုပ်ရမယ်။ မစ်နူးန် ဒိုအာများကို ကျက်မှတ်ပြီး လက်တွေ့ အမလ်လုပ်ရမယ်။ တတိယ-ဒိုအာ“ယာ-အလ္လာဟ် ကျွန်တော်မျိုး/ကျွန်တော်မျိုးမတို့ကို ဂဖ်လသ်ဆိုတဲ့ မေ့လျော့ခြင်းမှ ထိန်းသိမ်းပြီး၊ အလ္လာဟ်(ဆွဗ)ကို အမြဲသတိရ တသသူ အဖြစ်ပြုပေးတော်မူပါ။”
(၄) အိက်ရာမေမွစ်လင်မ်
ရည်ရွယ်ချက်။ ။ အီမာန်ရှိခြင်းကို အကြောင်းခံပြီး မွစ်လင်မ် အချင်းချင်း အိက်ရာမ် ဂုဏ်ပေးလေးစားရမှာ ဖြစ်ပါတယ်။
အကျိုးကျေးဇူး။ ။ မွစ်လင်မ်တစ်ဦးရဲ့ အပြစ် ဂိုနဟ်ကို ဖုံးအုပ်ပေးမယ်ဆိုရင် နက်ဖန် ကိယာမသ်နေ့မှာ ၎င်းရဲ့ အပြစ် ဂိုနဟ်ကို အလ္လာဟ်အရှင်မြတ်(ဆွဗ)က ဖုံးအုပ်ပေးမှာ ဖြစ်ပါတယ်။
ရယူနည်း။ ။ ပထမ-ဒအ်ဝသ် အိက်ရာမ်ရဲ့ အကျိုးကျေးဇူးတွေကို တင်ပြပြီး ဒအ်ဝသ်ပေးရမယ်။ ဒုတိယ-မရှ်က် ကြီး သူကို ရိုသေ၊ ငယ်သူကို သနား၊ မိဘ၊ဆရာ၊အာလင်မ်ပညာရှင်များကို ဂုဏ်ပေးလေးစားရမယ်။ ခိဒ်မသ်များများ လုပ်ရမယ်။ တတိယ-ဒိုအာ“ယာ-အလ္လာဟ် ကျွန်တော်မျိုး/ကျွန်တော်မျိုးမတို့ကို တမန်တော်မြတ်(စွ)ရဲ့ အခ်လားက် စာရိတ္တမွန်ကို ချီးမြှင့်တော်မူပါ။”
(၅) အိခ်လားစ်စွေ့နီယသ်
ရည်ရွယ်ချက်။ ။ ကောင်းမွန်တဲ့ အမလ်တိုင်းကို အလ္လာဟ်(ဆွဗ)အတွက်ပဲ ရည်စူးပြီး လုပ်ရမှာ ဖြစ်ပါတယ်။
အကျိုးကျေးဇူး။ ။ အိခ်လားစ်နဲ့အမလ်တိုင်းမှာ အလ္လာဟ်(ဆွဗ)က အင်အား ထည့်ပေးမှာ ဖြစ်ပါတယ်။
ရယူနည်း။ ။ ပထမ-ဒအ်ဝသ် အိခလားစ် ရဲ့ အကျိုးကျေးဇူးတွေကို တင်ပြပြီး ဒအ်ဝသ်ပေးရမယ်။ ဒုတယ-မရှ်က် ကောင်းမွန်တဲ့ အမလ်တစ်ခု လုပ်ခွင့်ရတိုင်း အလ္လာဟ်(ဆွဗ)ကို ရှကရ် ပြုကျေးဇူးတင်ရမယ်။ အမလ်ပြီးတဲ့ အခါ အိစသဂဖာရ်ဖတ်ရမယ်။ တတိယ-ဒိုအာ“ယာ-အလ္လာဟ် ကျွန်တော်မျိုး/ကျွန်တော်မျိုးမတို့ကို ကောင်းမွန်တဲ့ အမလ်တိုင်းအား အိခ်လားစ်နဲ့လုပ်နိုင်တဲ့ သောင်ဝ်ဖီးက် စွမ်းအား ချီးမြှင့်တော်မူပါ။”
(၆) သဖ်ရီးကေဝက်သ် (သဗ်လီးဂ်၊အလ္လာဟ်လမ်းထွက်ခြင်း)
ရည်ရွယ်ချက်။ ။ မိမိရဲ့ ဂျာန်(သက်တမ်း)၊ မာလ်(ဥစ္စာပစ္စည်း )၊ ဝက်သ်(အချိန်)တို့ကို ဘ၀ သက်တမ်းမှာ မှန်ကန်စွာ သုံးစွဲတဲ့ နည်းစနစ်ကို အလ္လာဟ်(ဆွဗ)လမ်းထွက်ပြီး သင်ယူရမယ်။
အကျိုးကျေးဇူး။ ။ တစ်မနက်/တစ်ညနေ အလ္လာဟ့်(ဆွဗ)လမ်းထွက်ခြင်းဟာ ဒွန္နယာနဲ့ ဒွန္နယာ အတွင်းမှာရှိတဲ့ အရာအားလုံးထက် သာမြတ်ပါတယ်။
ရယူနည်း။ ။ ပထမ-ဒအ်ဝသ် အလ္လာဟ့်(ဆွဗ)လမ်းထွက် ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တင်ပြပြီး ဒအ်ဝသ်ပေးရမယ်။ ဒုတိယ-မရှ်က် အလ္လာဟ့်(ဆွဗ)လမ်းကို ကိုယ်တိုင်လည်း ထွက်ရမယ်။ အခြားသူများ ထွက်ဖို့လည်း တိုက်တွန်းရမယ်။ မိမိရပ်ကွက် ပြန်ရောက်ရင် အမလ်(၅)ရပ်မှာ အချိန်ပေးရမယ်။ အမလ်(၅)ရပ်ကတော့ (၁)ရိုဇာနာ ဖိကိရ် (နေ့စဉ် အွမ္မသ်အတွက် သောကပိုက်ခြင်း) (၂) နေ့စဉ် ဗလီနှင့်အိမ် သအ်လင်မ် များတွင်ပါဝင်ခြင်း (၃) နေ့စဉ် နှစ်နာရီခွဲ အချိန်ပေးခြင်း (၄) အပတ်စဉ် ပထမနှင့် ဒုတိယ ဂရှ်များတွင်ပါဝင်ခြင်း
(၅) လစဉ် (၃)ရက်ထွက်ခြင်း။ တတိယ-ဒိုအာ“ယာ-အလ္လာဟ် ကျွန်တော်မျိုး/ကျွန်တော်မျိုးမတို့ရဲ့ ဂျာန်(သက်တမ်း)၊ မာလ်(ဥစ္စာပစ္စည်း)၊ ဝက်သ်(အချိန်)တို့ကို အလ္လာဟ့်(ဆွဗ)လမ်းမှာ အသုံးချခွင့် ချီးမြှင့်တော်မူပါ။”
- ဆွဟာဗဟ်(ရ)သာဝကကြီးများရဲ့ အရည်ချင်းတွေဖြစ်ပါတယ်။
- ဟောပြောနည်းမှာ ပုံသေဘောင်ခတ်၍ မဖြစ်နိုင်ပါ။
- အလွန်တရာ ကျယ်ပြန့်တယ်။ ဘ၀ သက်တမ်းရဲ့ ကဏ္ဍတိုင်းမှာ ပတ်သက်နေတယ်။
- သိပြီး..ပြောပြီး..ရှိလာအောင်..မရှ်က်လေ့ကျင့်နေရမှာ ဖြစ်ပါတယ်။
-ယာ-အလ္လာဟ် အွမ္မသ်ထုတစ်ရပ်လုံးအား အရည်ချင်း(၆)ရပ်အပေါ် အမလ်ပြုနိုင်စွမ်း ချီးမြှင့်တော်မူပါ။(အာမိန်း)
1 comment:
ဂျဇာကလ်လာဟိုခို၇်.......အလ္လာဟ်အ၇ှင်ကောင်းသောအစားချီးမြင့် တော်မူပါစေ။
Post a Comment