>>>အီမာန်ဘယ်တော့ပြည်ဝမလဲ-
အလ္လာဟ်မှအပ(ဂိုင်ရ်ဟူသူမျှ)ကို ဘယ်လိုငြင်းရမလဲဆိုရင် အလ္လာဟ်(ဆွဗ)ရဲ့ ဂိုင်ရ်မှ စိတ်ကုန်သွားပြီး လိုအပ်ချက်ဟူသမျှ ၎င်းဖြင့်မပြည်ဝနိုင်တော့ကြောင်းကို ကြေညာနိုင်ရမယ်။
ဥပမာ-ဟ ဇရသ်အစ်ဗရာဟီးမ်(အလိုဟ်ဟစ္စလာမ်)ဟာ“အို-ဂျစ်ဗရအီးလ်၊ အသင့်ကို အလိုမရှိပါ။ ကျုပ်ဘယ်သူ ့ကလေမာဟ် ဖတ်ထားခဲ့သလဲ။ သူကသာ ကျုပ်ကို တိုက်ရိုက်မြင်နေတော်မူတယ်။ သူကပဲ ကျုပ်ကို မြေပထဝီပေါ် စေလွှတ်လိုက်တာကိုး”
မိတ်ဆွေ တို ့-ကမ္ဘာသို ့အရှင်မြတ်က စေလွတ်တော်မူသည်ဟု ယကီးန်ရှိလျှင် အရှင်မြတ်အင်အားနဲ ့အကူအညီကို တိုက်ရိုက်ရရှိပါမယ်။ ဘာမှအကြောင်းခံမရှိဘဲ နည်းလမ်းအမျိုးမျိုးမှ နဗီများကို ကူညီတော်မူတယ်။ ဘာကြောင့်လဲ။ အရှင်မြတ်က မိမိစေလွတ်ထားတဲ့ အုပ်စုကိုသိလို့ပေါ့(ကုရ်အာန်)။ အပ်စ်ဗာဗ်ကို ဖန်ဆင်းတဲ့အရှင်ဟာ ဘယ်အခါမှာ ဘယ်လို စဗဗ်ကို ယူလာရမလဲဆိုတာသိပါတယ်။ ဒါပေမဲ့ အရှင်မြတ်ထံတော်မှ တိုက်ရိုက် ရချင်ရင် တိုက်ရိုက်ကူညီတော်မူတယ်။“မီးငြှိမ်းဖို့”အရှင်မြတ်က ရေကို ဖန်ဆင်းထားတာပဲလို ့ပြောကြမယ်။ မဟုတ်ဘူး မိတ်ဆွေတို ့၊“မီးငြီမ်းဖို့”အလ္လာဟ်(ဆွဗ)ရဲ့ အမိန် ့ဖြစ်တယ်။ အရှင်မြတ်ဟာ မိမိဖန်ဆင်းခံရဲ့ အချုပ်ချယ်ခံမဟုတ်ဘူးဆိုတော့ ကျွန်တော်တို ့ပြုလုပ်ထားတဲ့ အပ်စ်ဗဗ်ကို ဘာငဲ့စရာလိုမလဲ။ ဒါကြောင့် ကောင်းကင်တမာန်ရဲ့ အကူအညီကိုလည်း သခင်ကြီးက ငြင်းဆန်ခဲ့တယ်။
ယ နေ ့ကျွတ်တော်တို ့နဲ ့အရှင်မြတ်ရဲ့အကြားရှိနေတဲ့ အပ်စ်ဗဗ် အဆက်အသွယ်ဟာ အရှင်မြတ်ဘဏ္ဍာတော်မှ အကျိုး၊ အမြတ်ထုတ်ယူခြင်းမှ လက်မဲ့ပြုထားတယ်။ အရှင်မြတ်ထံတော်မှ အကျိုးဆွတ်ခူရန် အီမာန်ရဲ့ ဟကီကသ်ရှိဖို ့လိုတယ်။
“အီမာန်ရဲ့ ဟကီကသ်ကို ဘယ်လိုရမလဲ”
အမြင် ကိုဆန် ့ကျင်ပြီး ပြောမှ၊ အမြင်ကိုဆန် ့ကျင်ပြီး နားထောင်မှ၊ အမြင်ကိုဆန် ့ကျင်ပြီး စဉ်းစားမှ၊အမြင်ကိုဆန် ့ကျင်ပြီး လျှေက်မှ အီမာန်ရဲ့ ဟကီကသ်ကို ရမယ်။ အွမ္မသ်အတွင်းမှာ ဖော်ပြပါ အချက်တွေ မပြန် ့သရွေ ့အီမာန်ရဲ့ ဟကီကသ်ကို လှမ်းနိုင်မှာ မဟုတ်ပါ။
မိတ်ဆွေ တို ့-အမြင်ရဲ့ကိုဆန် ့ကျင်ဘက်စကားပြောရင် နားထောင်သူရဲ့ နှလုံးသားထဲ ရှိုင်သွာန်က ခွစီးထိုင်လိုက်တယ်။ ၎င်းက“အေး ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဒါပေမဲ့ ဖြစ်နိုင်ခြေလည်းမရှိပါဘူး”လို ့စိတ်ထဲကနေ အဆိပ်ရည် ထည့်သွင်းလေ့ရှိတယ်။ နဗီများ၊ စွဟာဗီများရဲ့ အကြောင်းမှာ ဒါတွေ တွေ ့ရပါတယ်။
မိတ်ဆွေ တို ့-ကုရ်အာန်တစ်အုပ်လုံးမှာ ဟေဒါယသ်ရဲ့အကြောင်းခံနဲ့ ပျက်စီးရတဲ့ အကြောင်းခံကို ဖော်ပြထားတာပြည့်လျှံနေတာပဲ။ ဒါပေမဲ့ ဒါကို ယကီးန်ရှိသူပဲမြင်ရမယ်။ ဒွိဟ သံသယရှိသူကတော့မြင်ရမှာမဟုတ်ဘူး။ ဒီနေ ့ဟောကိန်းတွေဟာ အမြင်ကိုကြည့်ပြီး အမြင်နဲ ့ကိုက်ညီတဲ့စကားတွေဖြစ်တယ်။ ဒါပေမဲ့ ကုရ်အာန်ကတော့ အမြင်ရဲ့ဆန်ကျင်ဘက်ကို ဟောကြားနေတယ်။
မိတ်ဆွေ တို ့-သံသယကို အခြေခံပြီး နားထောင်ရင် အီမာန်ရဲ့ ဟကီကသ်ကို မရနိုင်ပါ။ ဒါကြောင့် အထက်ပါအကြောင်းတွေကို ယကီးန်ရဲ့ အခြေခံနဲ ့နားထောင်ပါ။ နားထောင်လျက်ပြောပါ။ ဒါပဲ အမှန်၊ ဒါပဲ သစ္စာတရားဖြစ်တယ်လို ့ပြောနေရင် နှလုံးသားထဲမှာ အီမာန်ရဲ့ လှိုင်းလုံးတွေ ထလာမယ်။ ဒီလိုမှနားမထောင်ရင် အီမာန်ရဲ့ ဟကီကသ် မကိန်းအောင်းစေရန် ရှိုင်တွာန်ဟာ သံသယကို ထည့်သွင်းလိမ့်မယ်။
ကလေမာဟ်ရဲ့ ဒအ်ဝါသ်ကို မွစ်လင်မ်များလောကမှာ ရှင်သန်လာအောင် ကြိုးစားရမည်။
ဒီ နေ ့ဒအ်ဝါသ်ပေးနေတာဟာ ကလေမာဟ်မဖတ်တဲ့၊ မရသေးတဲ့သူကို ဒအ်ဝါသ်ပေးနေတယ်။ နမာဇ်မဖတ်သူကို နမာဇ်အတွက် ဒအ်ဝသ်ပေးနေတယ်။ ဂျဟာလသ်၊ ဂဖလသ်ထဲ ဈန်ဝင် နေသူကို အိလ်မိုဇိက်ရ်ရဲ့ ဒအ်ဝသ်ပေးနေတယ်။ စာရိတ္တ ဖောက်ပြန်သူကို အစ်ကရာမ်ရဲ့ ဒအ်ဝသ်ပေးနေတယ်။ ပကာသနဝင်နေတဲ့ သူကို အစ်ခလာစ်ွရဲ့ ဒအ်ဝသ်ပေးနေတယ်။ ဒီတော့ ဒအ်ဝသ်အားလုံးဟာ သူများအတွက်ဖြစ်သွားတယ်။ ကိုယ့်အတွက် မဟုတ်တော့ ယကီးန်မပြောင်းလဲတော့ဘူး။
ဒါ အီဟာ မည်သည့်အချက်ဘက်ကို မိမိအတွက် ဒါဝသ်ပေးသလဲ။ အဲဒီအချက်ကို အရှင်မြတ်က ဦးစွာ ၎င်းဒါအီကိုပဲ ချီးမြှင့်တယ်လို ့မော်လာနာယူစွဖ်ဆပ် မိန် ့ခဲ့တယ်။
ရိုးသား သောစကားများဖြင့် ၆ ချက်ကို ဖော်ပြပါ။ ၆ ချက်ဟာကြိုးပမ်းမှုဖြစ်တယ်၊ ၆ချက်ဖြင့် ယကီးန်ကို ပြောင်းလဲယူရမယ်။ အခြားသူရဲ့ ယကီးန်ကိုလည်း ပြောင်းလဲဖို ့အကြောင်းရှာရမယ်။ ဒါကြောင့် မော်လာနာယူဆွဖ်ဆပ်က မိန် ့တယ်“ပြောသူရဲ့ရှေ ့မှာ ၆ချက်ရဲ့ ဟကီကသ်မရှိ။ ၆ချက်ရဲ့ အိလ်မ် သာရှိမယ်ဆိုရင် ၎င်းအိလ်မ်ကြောင့် အခြားသူကို အစ္စလာဟ် ပြုပြင်ဖို ့သာနီယသ်ရှိမယ်။ မိမိကို ပြုပြင်ဖို ့နိယသ်ရှိမှာမဟုတ်ဘူး” ဒါမျိုးဆိုရင်တော့ ဒါဝသ်ကြောင့် ကိုယ်လည်းအစ္စလာဟ်မရ၊ ယကီးန်မမှန်သည့်အပြင် အခြားသူအပေါ်သို ့လည်း ဒါအ်ဝသ်ရဲ့ အကျိုးသက်ရောက်မှု မရှိနိုင်ပါ။
ဒါကြောင့် စွဟာဗာ(ရ)များက တမန်တော်မြတ်(စွ)ထံမှ အီမာန်ကိုဆည်းပူးခဲ့ကြတယ်။
تعلمناالا يمانثم تعلمناالقران လို ့ပြောခဲ့ကြတယ်။ ယကီးန်ကို သင်ယူပြီးနောက် ဒွန္ဒယာ၊ အာခိရသ်မှာချီးမြှင့်မယ့် ကတိတော်ဆိုင်ရာ အဟ်ကာမာသ်ကို စွဗဟာ(ရ)များ လက်တွေ ့အားဖြင့်ကျင့်ဆောင်လိုက်ကြသတဲ့။
ဒါ ကြောင့် လူဟောင်း၊လူသစ်တိုင်းဟာ မနက်ညနေတိုင်း မိမိယကီးန်နဲ ့မိမိအအ်မာလ်ကို ဆန်းစစ်နေပါ။ တိုးတက်မှု ရှိရဲ့လားဆိုတာ သိသာလာမယ်။ >>>
No comments:
Post a Comment