Tilte

Wednesday, July 20, 2011

မွဖ်သီအီစ္စမာအီလ် ၂၀၀၄,၂၀၀၅,၂၀၀၆,၂၀၀၇,၂၀၀၈ ခုနှစ်အတွင်းဟောကြားသည်တရားများ။


၁=တမန်တော်(ဆွ)အချစ်
၂=ကိယာမသ်နီးလာခြင်းဖိသ်နဟ်
၃=မွတ်စလင်မ်တွေဘာ့ကြောင့်ပျက်စီးရသလဲ
၎=ဖခင်၏ဆုံမစကား
၅=တမန်တော်(ဆွ)၏သောက
၆=ဂျေဟားဒ်ဆိုသည်မှာ
၇=တမန်တော်(ဆွ)၏နောက်ဆုံမိန်ခွန်း
၈=နှစ်သက်ခြင်း(၇)မျိုး
၉=မိဘပြုစုခြင်း၏ရလဒ်
၁၀=ကျွန်ုပ်တို့တမန်တော်(ဆွ)
၁၁=ကျွန်ုပ်တို့တမန်တော်(ဆွ)
၁၂=အကြီးမားဆုံးသောမတရာမှု
၁၃=အလ္လာဟ်မသိတာမရှိပါ
၁၄=အလ္လာဟ်လက်ဆောင်တော်ကြီး
၁၅=သာသနာ့ကြိုပမ်းမှုသမိုင်း
၁၆=သာသနာ့အဇာနည်များ
၁၇=သာသနာ့အတွက်အနစ်နာခံခြင်း
၁၈=ကျေးဇူးကြီးလှမြတ်မိဘ
၁၉=လူပီသသောလူ
၂၀=တမန်တော်(ဆွ)စကားအလေးထား
၂၁=တမလွန်အရေးစိတ်မအေးနှင့်
၂၂=စေတနာဖြူသူအလ္လာဟ့်လူ
၂၃=နဖ်စ်နှင့်နူတ်လျှာထိန်းသိမ်းပါ
၂၄=နဖ်စ်နှင့်နူတ်လျှာထိန်းသိမ်းပါ
၂၅=သေဖို့အသင့်ဖြစ်ပြီလား
၂၆=သေဖို့အသင့်ဖြစ်ပြီလား
၂၇=အံ့ဖွယ်ဆန်ကြယ်ကုရ်အာန်ကျမ်း
၂၈=တမန်တော်(ဆွ)မိန့်မှာ့သတိပြုပါ
၂၉=အလ္လာ့ဟ်ကျေးဇူးနှင့်လူးသားတာဝန်
၃၀=နှုတ်လျှာကိုထိန်းသိမ်းခြင်း၏အကျိုး
၃၁=ချီးမြှင့်ခြင်းခံရသောအီမာန်
၃၂=ချီးမြှင့်ခြင်းခံရသောအီမာန်
၃၃=ဒအ်ဝသ်နှင့်ဟေဒါဟသ်
၃၄=ဒအ်ဝသ်နှင့်ဟေဒါဟသ်
၃၅=တမန်တော်(ဆွ)ယူလာသောဆုလာဘ်သုံးခု
၃၆=ဆွဟာဗဟ်များရဲ့ယုံကြည်ချက်
၃၇=ဆွဟာဗဟ်များရဲ့ယုံကြည်ချက်
၃၈=ကြိုးပမ်းမှု၏ရည်ရွယ်ချက်
၃၉=တမန်တော်(ဆွ)၏စာရိတ္တ
၄၀=တမန်တော်(ဆွ)၏စာရိတ္တ
၄၁=မငြင်းနိုင်သောအမှန်တရား
၄၂=တမန်တော်(ဆွ)၏အထက်ဆက်( ၈၀ )
၄၃=အလ္လာဟ်အရှင်မြတ်၏သနားကြင်းနာမှု
၄၄=ရမ်ဇာန်လနှင့်ရိုဇာ
၄၅=ကုရ်အာန်ကျမ်းတော်မြတ်၏မိုအ်ဂျေဇာ
၄၆=မှတ်ကျောက်တင်ခြင်းခံရသူတို့၏အီမန်
၄၇=မုအ်မင်န်တို့အတွက်အရှင်မြတ်၏လက်ဆောင်
၄၈=မုအ်မင်န်ဆိုသည်မှာ
၄၉=မုအ်မင်န်တိုင်းရှိသင့်သည့်လက္ခာဏများ
၅၀=ကေယာမသ်နေ့အကြောင်း
၅၁=ဆွဟာဗဟ်များ၏ယုံကြည်ချက်
၅၂=သဗ်လီဂ်သယ်လိုလုပ်ရမလဲ
၅၃=ဒါအီ၏အရည်ချင်း
၅၄=ကုရ်အာန်နှင့်အောင်မြင့်မှု
၅၅=တမန်တော်(ဆွ)နှင့်ဆွဟာဗဟ်များ၏ကြိုးပမ်မှုပုံစံ
၅၆=တမန်တော်(ဆွ)နှင့်ဆွဟာဗဟ်များ၏ကြိုးပမ်မှုပုံစံ
၅၇=အကျင့်ဆိုးများစွန့်လွှတ်ပါ
၅၈=ထားရမည့်သက္ကဝါတရား
၅၉=သောင်ဗဟ်ပြုခြင်း၏အကျိုးကျေးဇူး
၆၀=သောင်ဗဟ်ပြုခြင်း၏အကျိုးကျေးဇူး
၆၁=မွတ်စလင်မ်နှင့်နမ္မာဇ်
၆၂=ဖိကဟ်ဆိုသည်မှာ
၆၃=ဖိကဟ်ဆိုသည်မှာ
၆၄=အောင်မြင်သူအစစ်
၆၅=အဆ်ွဟာဗ်တော်တို့၏စိတ်ထား
၆၆=အလ္လာဟ်အရှင်မြတ်၏နှိုးဆော်သံ
၆၇=အလ္လာဟ်အရှင်မြတ်၏နှိုးဆော်သံ
၆၈=လိုအပ်နေသောအရည်အချင်း
၆၉=လိုအပ်နေသောအရည်အချင်း
၇၀=အရဗ်ဂျမာအသ်-ဘာသာပြန်
၇၁=မရှ်ဝါရဟ်ကိုအကောင်အထည်ဖော်ခြင်း
၇၂=လူသား၏အအ်မာလ်နှင့်အလ္လာဟ်အရှင်မြတ်အရေးယူမှု
၇၃=အလ္လာဟ်အရှင်မြတ်၏ကူညီမှု
၇၄=စမ်းသပ်မှု(၂)မျိုး
၇၅=အီမာန်ရှင်တိုင်းလုပ်ရမည့်ဒအ်ဝသ်လုပ်ငန်း
၇၆=မေ့အ်ရားဂ်ျနှင့်အွမ္မသ်၏သောက
၇၇=ယကီန်းနှင့်နွတ်စ်ရသ်
၇၈=ဒါအီအဖြစ်ခံယူပါ

ဤနေရာမှ နားဆင်ပါ။
https://www.dropbox.com/sh/323mbcvond5as9k/AACjwA_Lbg-NkiKpC95I8Sdga?dl=0
http://www.burmesemuslims.co.cc/p/blog-page_743.html

Tuesday, July 12, 2011

(၁) အီမာန်

အီမာန်ဆိုတာ အဘိဓာန်အရ-

သတင်းဆောင်ကြင်းလာသူကို ယုံကြည်သောကြောင့် ၎င်း၏သတင်းပေးမှုဟူသမျှကို တစ်ထစ်ချ ယုံကြည်ခြင်းကို ခေါ်တယ်။

အီမာန်ရဲ့ အနက်သဘောကတော့-

တမန်တော်မြတ်(စွ)ကို ယုံကြည်သောကြောင့် ၎င်းကတင်ပြသော အလ္လာဟ်(ဆွ)အရှင်မြတ်၏ ပြဋ္ဌန်းချက်ဟူသမျှကို စိတ်ထဲမှ တစ်ထစ်ချလက်ခံခြင်းဟာ အီမာန်ဖြစ်တယ်။

အီမာန်က ဘာတောင်းဆိုနေသလဲ-

အလ္လာဟ်(ဆွ)အရှင်မြတ်ထံမှ တိုက်ရိုက်အကျိုးဆွတ်ခူးရန် အရှင်မြတ်၏အမိန့် တော်များကို တမန်တော်မြတ်(စွ)၏ နည်းစနစ်အတိုင်း အကောင်အထည်ဖော်ရာမှာ ဒွန္နယာ၊ အာခေရသ်၏ အောင်မြင်မှုများရရှိမည်ဟု ယုံကြည်ခြင်းဖြစ်တယ်။


နံပတ်စဉ်တိုင်းအတွက်-(၁) ဒအ်ဝါသ် ပေးနေရမယ်။

                             (၂) မရှ်က် လေ့ကျင့်ခန်းဆင်းနေရမယ်။

                             (၃) ဒုအာ တောင်းနေရမယ်။

မိတ်ဆွေတို့ -ကျွန်တော်တို့ ဟာ ယခုတိုင်ဒအ်ဝါသ်မပေးတက် သေးပါ။ ကျွန်တော်တို့  ယနေ့ ဒအ်ဝါသ်ပေးပုံက အပ်စ်ဗာဗ်(အကြောင်းခံ)ကို ရှေ့ တန်းတင်ပြီး ပြသနေကြတယ်။ အမှန်စင်စစ် အရှင်မြတ်ရဲ့ မူကအပ်စ်ဗာဗ်မဟုတ်ဘူး။ အဟ်ကာမာသ်(အမိန့် ပညတ်တော်)ဖြစ်တယ်။ဘာကြောင့်လဲ - အရှင့်ကွဒ်ရသ်(စွမ်းနိုင်ခြင်း)ဟာ အဟ်ကာမာသ်နဲ့သက်ဆိုင်တယ်။ အပ်စ်ဗာဗ်နဲ့ မပတ်သက်ဘူးး။
ကွဒ်ရသ်နဲ့ ဆက်စပ်နေမှ စစ်မှန်တဲ့ အောင်မြင်မှုရမယ်။ အပ်စ်ဗာဗ်ဟာ စမ်းသပ်မှု၊ အဟ်ကာမာသ်ဟာ စိတ်တည်ညိမ်မှု။

မိတ်ဆွေတို့ -သဘာဝရဲ့ဆန့် ကျင်ဘက်ကရခဲ့တဲ့ နွစ်ရသ်များဟာ စွဟာဗာဟ်(ရ)များခတ်မှာ နိဂုံးချုပ်သွားပြီလို့ ယူဆရင် ကျုပ်တို့လက်မဲ့ဖြစ်ရမှာပေါ့။ ဒီလို မဟုတ်ဘူးခင်ဗျာ။ -အမ်ဗိယာအတွက်သာ နွစ်ရသ်ရှိတယ်ဆိုတာလဲမဟုတ်ဘူး။ စင်စ⁠စ် နွစ်ရသ်ဟာ ဒအ်ဝါသ်နဲ့ ပတ်သက်တယ်။ ယနေ့ လည်း ဒအ်ဝါသ်ရှိရင် ခိုဒါ့ကစမ်၊ စွဟာဗာဟ်(ရ)ရခဲ့တာထက်ပိုပြီး နွစ်ရသ်ရစရာ အကြောင်းရှိပါတယ်။ အဓိက အချက်က ကျုပ်တို့ ရဲ့ဦးတည်ချက်၊ ခံယူချက်ကိုပြောင်းရမယ်။
ယနေ့ ကျုပ်တို့ ဟာ အပ်စ်ဗာဗ်ကိုသာ မိတ်ဖွဲ့ ထားကြတယ်။ အပ်စ်ဗာဗ် ကိုဘဲသဘောပေါက်တာ အန္တရာယ်ပဲ၊ အအ်မာလ်အပြည့်အစုံကို နားလည်တာဆုလာဒ်ဖြစ်တယ်။

အရှင်မြတ်ဟာ အပ်စ်ဗာဗ်ကို စိတ်သောကဖြစ်စရာအဖြစ် ဖန်တီးထားတယ်။ ဆိုင်အပ်ပီး အင်အားကျဆင်းအောင်လုပ်မယ်။

မိတ်ဆွေတို့ -အပ်စ်ဗာဗ်ဟာ မှောက်ထားတဲ့ပန်းကန်လိုပဲ၊ အအ်မာလ်ဟာ ပက်လက်ချထားတဲ့ ပန်းကန်နဲ့ တူတယ်။
ဒါမှအရှင်မြတ်ထံမှ တိုက်ရိုက်ကျဆင်း(အကျိုးရှိ)လိမ့်မယ်။ သို့ သော် ရှိရ်က်မှသန့် စင်ဖို့ လိုတယ်။ ယနေ့ ကျုပ်တို့ ကတော့ အပ်စ်ဗာဗ်ရှိသမျှ အခြအနေပေးသမျှ အလုပ်လုပ် ဒအ်ဝါသ်ပေးကျတယ်။

အပ်စ်ဗာဗ်အပေါ်မူတည်ပြီး အမာလ်ဆောက်တည်လို့ တော့ဖြစ်တယ်။ ဒါပေမယ့် ယကီးန်ကို တည်ဆောက်လို့ မရဘူး။ စရိတ်မရှိရင် ဟာဂ်ျတာဝန်လဲမရှိပါ။ ဥစ္စာပစ္စည်းမရှိရင် ဇကားသ်တာဝန်လဲမထိုက်ဘူး။ ဒီတော့ ယကီးန်နှင့် အပ်စ်ဗာဗ်ကို စုစည်းလို့ မရဘူး။ အမာလ်ကတော့ အပ်စ်ဗာဗ်အတိုင်းဖြစ်တယ်။ ဟာဂ်ျအမာလ်အတွက် မာလ်ဆိုတဲ့ ပစ္စည်းရှိဖို့ လိုတယ်။ ယကီးန်အတွက် အပ်စ်ဗာဗ် မလိုဘူးခင်ဗျာ။ ဒါကြောင့် နဗီ(အ)များဟာ အွမ်မသ်ကို  အီမာန်ရဲ့ဒအ်ဝါသ်သာပေးခဲ့ကျတယ်။ ၎င်းတို့ ဟာ အပ်စ်ဗာဗ်မှ အီမာန်သို့ အပ်စ်ဗာဗ်မှ အမာလ်သို့ ဖိတ်ခေါ်ခဲ့ကျတယ်။

မည်သည့်ပုံစံ၊ မည်သည့်ရုပ်ဝတ္တု၊ မည်သည့်အကြာင်းခံနဲ့ မှမဖြစ်ဘူး၊ မိုးမြေအကြားရှိသမျှ ပေါ်ပေါက်နေတာ ပစ္စည်းပစ္စယတွေ မြင်နေတာဟာ အရှင်မြတ်ရဲ့အမိန်တော်ကြောင့် လှုပ်ရှားနေတယ်။ အရရှ်နဲ့ဆက်စပ်နေတဲ့ ခဇာနဟ်(ဘဏ္ဍတော်)ကို နေ့ညဖွင့်ထားတယ်။ ရုပ်ဝတ္တုမှ ထွက်သမျှတိုင်းဟာ အရှင်မြတ်မှ တိုက်ရိုက်ချပေးနေတာဖြစ်တယ်။

ငါကသာ လယ်ယာမှ သစ်သီးဝလံထုတ်ပေးတယ်။ ရေကို ငါချပေးတာ၊ ငါကပဲ မခ်လူက်(အဖန်ဆင်းခံ)တစ်ရပ်လုံးကိုရိုဇီချီးမြှင့်တယ်၊ တိရစ္ဆာန်ရဲ့ နို့ အုံထဲ နို့ ကို ငါကပဲချပေးတော်မူတယ်။ (ကုရ်အာန်)

ဒီတော့ နဗီများဟာ အပ်စ်ဗာဗ်မှမဖြစ်၊ အလ္လာဟ်(ဆွ)မှဖြစ်တာပဲလို့  ဒအ်ဝါသ်ပေးခဲ့ကြတယ်။ ဤကဲ့သိုပင် ပစ္စည်းမှာ အောင်မြင်မှု မရှိဘူး၊ ကျန်းမာမှု၊ စိတ်ချမ်းသာမှု၊ ချမ်းမြေ့သာယာမှု၊ ဂုဏ်သိက္ခာမရှိဘူး။ ကျန်းမာမှု၊ စိတ်ချမ်းသာမှု၊ ဂုဏ်ရှိမှုကိုလိုချင်ရင် အမာလ်ဖြင့်သာ ရရှိမယ်။

မိတ်ဆွေတို့ ရင်ထဲ ယကီးန် ကိန်းဝပ်စေချင်ရင် ဒအ်ဝါသ်ပေးရမယ်။ ဒါအီရဲ့ရှေ့ မှာကလေမဟ်ရဲ့ဟကီကသ် အစစ်အမှန် မရှိရင် ဒအ်ဝါသ်ဟာ ပါးစပ်ဖျားမှာပဲရှိမယ်။ ဒီလိုဒအ်ဝါသ်ပေးရင်တော့ ယကီးန်လဲ မပြောင်း၊ တိုးတက်မှုလဲမရှိဘူး။ သည့်အပြင် ဒါအီဟာ တစ်ဦးချင်းကို ဖြစ်စေ၊ အုပ်စုလိုက်ကိုဖြစ်စေ၊ အတွင်း အပြင်မှာဖြစ်စေ၊ ဒအ်ဝါသ်ပေးတဲ့အခါ မိမိရှေ့ မှာ امنو اكما امن الناس ကလေမာဟ်ရဲ့ဟကီကသ်နဲ့ တကွ စွဟာဗာဟ်(ရ)တို့ ရဲ့ အီမာန်ဘက်ကို ဖိတ်ခေါ်ကြရမယ်။ ခတ်တာက ယနေ့ ကျုပ်တို့ ဟာ ကိုယ့်အဆင့်ရဲ့အီမာန်၊ အမာလ်ဘက်သာ ဖိတ်ခေါ်ကြတယ်။ မိတ်ဆွေတို့ - ဒါမှားတယ်။
ဒီအချက်ကိုဂရုပြုပါ။ အရှင်မြတ်ပင် စွဟာဗဟ်(ရ)များအီမာန် ယူသကဲ့သို အီမာန်ယူကြပါလို့ အမိန့် ပေးနေတယ်။

ဒီတော့ ကျွန်တော့်မိတ်ဆွေများ ဒါအ်ဝါသ်ပေးတဲ့အခါ စွဟာဗာဟ်(ရ)ရဲ့ အီမာန်ရှိရမယ်။ အရှင်မြတ်ရဲ့ ဇာသ်ရှိရမယ်။ သည့်အပြင် အခြားအကြောင်းမခံရဘူး။ ယခုပြောခဲ့သလို ဖိတ်ခေါ်မှ ဒါအ်ဝါသ်ရဲ့ အစစ်အမှန် ရရှိပါမယ်။ ပထမအချက်က“လာအိလာဟ အလ္လလ်လာ”ဒအ်ဝါသ်ပေးတဲ့အခါ အလ္လာဟ်သာ ရဗ်ဖြစ်ကြောင်း ကွဒ်ရသ်ဟာ အပ်စ်ဗာဗ်ကို ငဲ့စရာ၊ ထောက်စရာမလို။ အပ်စ်ဗာဗ်ကသာ ကွဒ်ရသ်ရဲ့ အနွံအတာ ခံဖြစ်ကြောင်း ရှင်းပြပါ။

ဒုတိယက ဒါအ်ဝါသ်ပေးခဲ့သမျှဟာ အစစ်အမှန်ဖြစ်ကြောင်း စဉ်းစားပြီး၊ တတိယက ယကီးန်အစစ်ရရှိရန် ငိုယိုပြီး ဒုအာတောင်းပါ။

မိတ်ဆွေတို့ - အများဆုံးအီမာန်ကိုပြော၊ ဘယ်လိုပြောရမလဲ။
အသင်တို့ ပိုင်ဆိုင်တဲ့ အပ်စ်ဗာဗ်ကို တရစပ် အဆက်မပြတ်ထိပါးစေတဲ့ စကားမျိုးကို ပြောပါလို့မော်လာနာယူစွဖ်ဆပ်က မှာကြားခဲ့တယ်။

ယနေ့ ကျုပ်တို့ အီမာန်စကားပြောပုံက အပ်စ်ဗာဗ်ကိုငဲ့ညှာတဲ့ လေသံမျိုးဖြစ်နေတယ် ဒီလိုထောက်ထားတဲ့ အီမာန်စကားကြောင့် အီမာန်ဟာ စိတ်ထဲမစွဲနိုင်ဘူး။ ဒီလိုပြောနေသမျှ ဗာသိလ်သာ တိုးတက်နေမယ်။
ဒီတော့ ကလေမာဟ်မှာ အလုပ်သုံးခု-ဒအ်ဝါသ်၊ မရှ်က်၊ ဒုအာ...။

အုပ်စုကိုဖြစ်စေ၊ တစ်ဦးချင်းကိုဖြစ်စေ ကလေမာဟ်စစ်ကိုသာ ရှေ့ ထားပြီး ဒအ်ဝါသ်ပေးနေပါ။ ဘာကြောင့်လဲ။

ဒအ်ဝါသ်နဲ့ အတူ ကွဒ်ရသ်ရှိတယ်။ ကွဒ်ရသ်ဟာ ဒအ်ဝါသ် အတွက်အသုံးခံ ဖြစ်သွားလိမ့်မယ်။ ဘာကြောင့်လဲ။ အလ္လာဟ်ကိုယ်တိုင်က ကလေမာဟ်ရဲ့ ဒအ်ဝါသ်ကိုကြိုက်တယ်။
ကလေမာဟ်ပြ ကိုယ်ရည်သွေးပြီး ကြွေးကြော်တာကို မကြိုက်ဘူးခင်ဗျား။
ဤသို့ ကြွေးကြော်သူကို အစ္စလာမ်လက်ခံသူလို့ ပဲဆိုထားတယ်။ အီမာန် လက်ခံသူလို့ မဟြေနိုင်ဘူး။ (ကုရ်အာန်)>>>
http://www.facebook.com/pages/-/103351456374927

Friday, May 20, 2011

ဆွဟာ​ဗ​ဟ်(ရ)သာဝက​ကြီး​များ​ရဲ့ အရည်​ချင်း ​၆ ရပ်(အကျ​ယ်)

-အရည် ​ချင်း(၆)ရပ်​၏ လေးနက်​သော သဘော​တရား အနှစ်သာရ​မ​ပါ၊ ရည်​ရွယ်​ချက်​များ ဗလာ​န​တ္တိ၊ အရည်​ချင်း(၆)ရပ်​၏ အိ​လင်​မ်​သာ​ရှိ​နေ​လျှင် ယင်း​အိ​လင်​မ​ျ္​ဖင့် အခြား​သူ​များ​ကို ပြုပြင်​မည့် နီ​ယ​သ်​သာ ရှိ​မည်။ မိမိ​အား ပြုပြင်​ပြောင်းလဲ​ရန် ရ​ည်း​စူး​မည်​မဟုတ်။ ဤသို့​သော (၆)ရပ်​၏ ဒ​အ်​ဝ​သ်​ဖြင့် မိမိ​အဖို့​ယ​ကီး​န် အစစ်​အမှန်​ကို ရ​ယူ​နိုင်​မည်​မဟုတ်။ ထို့​အပြင် အခြား​သူ​များ​အား​လည်း ယင်း​ဒ​အ်​ဝ​သ်​၏ ရလဒ် အကျိုး​များ သက်ရောက်​မည် မဟုတ်​ပေ။ (ဟ​ဇ​ရ​သ်​ကြီး မော်​လာ​နာ ယူ​စွ​ဖ်​ဆပ်)

ဆွ ​ဟာ​ဗ​ဟ်(ရ)သာဝက​ကြီး​များ​ဟာ တမန်​တော်​မြတ်(စွ)ရဲ့​အနီး​အပါး​မှာ​နေ​ပြီး မြောက်​များ စွာ​သော အရည်အချင်း​များ​ကို ရ​ရှိ ခဲ့ ပ​ ါ​တယ် ။ ထို အ ရည် အချင်း များ​ထဲ​မှ အချို့​သော အချက် အလက်​များ (အရည် အချင်း-၆-ရပ် ) ကို​လက်တွေ့ လိုက်​န​ ာ ​ကျင့်​သုံး​သွား​မယ်​ဆို​ရင် ဒီး​န်​တစ်​ခု​လုံး​ပေါ်​မှာ လွယ်ကူ​စွာ လျှောက်​လှမ်း​နိုင်​မှာ ဖြစ်​ပါ​တယ်။ ၎င်း​အအ​ရည် အချင်းများ​မှာ - - - ​၁။ကလိ​မ​ဟ် ​သွို ယိ​ဗ​ဟ် (လာ​အိ​လား​ဟ အိ​လ်​လ​လ်​လာ​ဟူ ​မု​ဟ​မ္မ​ဒ်​ဒွ​ရ် ရ​စူ​လ်​လ​လား​ဟ်) ၂။ စွေ​ဖား​သေ န​မာ​ဇ် (ခ) န​မာ​ဇ်​ရဲ့ အရည်အချင်း ​၃။ အိ​လင်​မ်​နဲ့ ​ဇိ​ကိ​ရ် ​၄။ အိ​က်​ရာ​မေ​မွ​စ်​လင်​မ် ​၅။ အိ​ခ်​လား​စ်​စွေ့​နီ​ယ​သ် ​၆။ သ​ဖ်​ရီ​ကေ ဝက်​သ် (သ​ဗ်​လီး​ဂ်၊အ​လ္လာ​ဟ်​လမ်း​ထွက်​ခြင်း)

(၁) ကလိ​မ​ဟ် ​သွို​င်​ယိ​ဗ​ဟ်

ရည်​ရွယ်​ချက်။ ။ ဖန်ဆင်း​ခံ​မှာ စွမ်းအား​မ​ရှိ​ဘူး။ ဖန်ဆင်း​ရှင် အ​လ္လာ​ဟ်(ဆွ​ဗ)မှာ​ဘဲ စွမ်းအား​ရှိ​တယ် တမန်​တော်​မြတ်(စွ)ရဲ့ နည်း​စနစ်​မှာ​ဘဲ ရာ​နူ​န်း​ပြည့် အောင်မြင်​မှု​ရှိ​တယ်။ အခြား​နည်း​စနစ်​တွေ​မှာ ဆုံး​ရူံး​မှု​ရှိ​တယ်​ဆို​တဲ့ ယံ​ျု​က​ည်​ချက် နှလုံးသား​ထဲ ရောက်​ရ​လာ​ဖို့​ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ ကလိ​မ​ဟ်​ကို အိ​ခ​လား​စ်​နဲ့ တစ်​ကြိမ်​ဖတ်​ရင် ယခင်​က ​ကျုး​လွန်​ခဲ့​တဲ့ ​ဂု​န​ဟ်​တွေ​ကို အ​လ္လာ​ဟ်(ဆွ​ဗ)က ခွင်​လွတ်​ပေး​မှာ ဖြစ်​ပါ​တယ်။ စွ​န္န​သ်​တော် တစ်​ခု​ကို အကောင် အထည်​ဖော်​ရင် ရှ​ဟီး​ဒီ ပေါင်း(၁​၀​၀)ရဲ့ အကျိုး​စ​ဝါး​ဗ်​ကို​ရ​မှာ ဖြစ်​ပါ​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် ကလိ​မ​ဟ်​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ စွ​န္န​သ် တော်​များ​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် အ​လ္လာ​ဟ်(ဆွ​ဗ)ရဲ့​ကြီး ကျယ်​မှု​တွေ​ကို များ​များ​ပြော၊ များ​များ​နားထောင်၊ များ​များ​ကြည့်၊ များ​များ​စဉ်းစား​ရ​မယ်။ ဒီ​လိုင်း (၄)လိုင်း နဲ့​ဘဲ အ​လ္လာ​ဟ်(ဆွ​ဗ)ရဲ့​ကြီးကျယ်​မှု​တွေ နှလုံးသား​ထဲ​က်ို ရောက်​ရှိ​လာ​မှာ ဖြစ်​ပါ​တယ်။ စွ​န္န​သ်​တော်​များ​ကို ရှာဖွေ​သင်​ယူ​ပြီး လက်တွေ့​အမ​လ်​လုပ်​ရ​မယ်။ တတိယ-ဒို​အာ “ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို ကလိ​မ​ဟ်​ရဲ့ ဟ​ကီ​က​သ် (အနှစ်သာရ)ကို ချီးမြှင့်​တော်​မူ​ပါ။ ကလိ​မ​ဟ်​နဲ့​အညီ သက်​တမ်း​မွေး​မြူ​နိုင်​တဲ့ သောင်​ဝ်​ဖီး​က် စွမ်းအား​ချီးမြှင့်​တော်​မူ​ပါ။ စွ​န္န​သ်​တော်​နဲ့​ကိုက်​ညီ​တဲ့ သက်​တမ်း​မွေး​မြူ​နိုင်​တဲ့ သောင်​ဝ် ဖီး​က် စွမ်းအား ချီးမြှင့်​တော်​မူ​ပါ။”

(၂) စွေ​ဖား​သေ န​မာ​ဇ် (ခ) န​မာ​ဇ်​ရဲ့ အရည်အချင်း

ရည်​ရွယ်​ချက် ။ ။ကျွန်တော် ​မျိုး/ ကျွန်တော်​မျိုး​မ​တို့​ရဲ့ ဘဝ​သက်​တမ်း​တစ်​ခု​လုံး​က န​မာ​ဇ် ရဲ့ အရည်​အချည်း​များ​ပေါ် ရောက်​ရှိ​သွား​ဖို့​ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ န​မာ​ဇ်(၅)ကြိမ် စွဲ​စွဲမြဲ​မြဲ ဖတ်​တဲ့​သူ​ကို အ​လ္လာ​ဟ်(ဆွ​ဗ)ကိုယ်တိုင် ​ဂျ​န္န​သ်​ပို့​ပေး​မှာ ဖြစ်​ပါ​တယ်။ န​မာ​ဇ်​မ​ဖတ်​တဲ့​သူ​နဲ့ ပတ်သက်​ပြီး ဘာ​မှ တာဝန်​ယူထား​ခြင်း မ​ရှိ​ပါ​ဘူး။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် န​မာ​ဇ်​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် န​မာ​ဇ်(၅)ကြိမ်​ကို စွဲ​စွဲမြဲ​မြဲ ဖတ်​ရ​မယ်။ဝါ​ဂျိ​ဗ်၊ စွ​န္န​သ်၊ န​ဖိ​လ် န​မာ​ဇ်​တွေ​ကို ဖတ်​ရ​မယ်။ ည​မှာ​ထ​ပြီး ရှည်လျား​တဲ့ ရ​က​အ​သ်​တွေ​နဲ့ န​မာ​ဇ်​ကို မ​ရှ်​က်​လုပ်​ရ​မယ်။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို​တမန်​တော်​မြတ်(စွ)နဲ့​ဆွ​ဟာ​ဗ ​ဟ်(ရ)များ​ဖတ်​သ​ကဲ​သို့​န​မာ​ဇ်​ဖတ်​နိုင်​တဲ့ စွမ်းအား ချီးမြှင့်​တော်​မူ​ပါ။”

(၃) အိ​လင်​မ်​နဲ့​ဇိ​ကိ​ရ်

အိ​လင်​မ်
ရည်​ရွယ်​ချက်။ ။ အခြေအနေ​တိုင်း အချိန်​ခါ​တိုင်း​မှာ အ​လ္လာ​ဟ်(ဆွ​ဗ)အမိန့်​ဘာ​ရှိ​သလဲ​ဆို​တာ သိ​ပြီး​တော့​နာခံ​ခြင်း ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ အကြင်သူ​ဟာ အိ​လင်​မ်​သင်​ယူ​ဖို့​ခရီး​ထွက်​တယ်​ဆို​ရင် ​ဂျ​န္န​သ်​သွား ရာ​လမ်း​ကို လွယ်ကူ​စေ​မှာ ဖြစ်​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် အိ​လင်​မ်​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် ဖ​ဇာ​အိ​လ်​ကို သ​အ်​လင်​မ်​ရဲ့ ဟ​လ်​ကာ (ထိုင်​ဝိုင်း)မှာ သင်​ယူ​ရ​မယ်။မ​စာ​အိ​လ်​ကို အာ​လင်​မ် ပညာ​ရှင် တွေ​ထံ​မှာ သင်​ယူ​ရ​မယ်။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို​အိ​လင်​မ်​ရဲ့ ဟ​ကီ​က​သ် (အနှစ်သာရ)ကို ချီးမြှင့်​တော်​မူ​ပါ။ အမ​လ်​လုပ်​စေ​နိုင်​မဲ့ အိ​လင်​မ်​မျိုး​ကို ချီးမြှင့်​တော်​မူ​ပါ။”

ဇိ​က​ရ်
ရည်​ရွယ်​ချက်။ ။ ​၂​၄-နာရီ​ကာလ​ပတ်လုံး အ​လ္လာ​ဟ်(ဆွ​ဗ)ကို သတိရ​နေ​ခြင်း ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ အကြင်သူ​ရဲ့ နှုတ်​လျှာ​က အ​မြဲ​တစေ ​ဇိ​ကိ​ရ်​နဲ့​စို​ပြေ​နေ​မယ်​ဆို​ရင် ​ဂျ​န္န​သ်​ကို ရယ်မော​ပျော်​ရွှင်​စွာ ဝင်​ခွင့်​ရ​မှာ ဖြစ်​ပါ​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် ​ဇိ​ကိ​ရ်​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် ​၃-သစ်​ဗီး​ဟ်​ကို အချိန်​နေရာ သတ်​မှတ်​ပြီး အာရုံ​နဲ့​တ​ကွ စိတ်​ရ​မယ်။ အခြား ​ဇိ​ကိ​ရ်​များ​လည်း စိတ်​ရ​မယ်။ နေ့စဉ် ကု​ရ်​အာ​န်​ကို သတ်​မှတ်​ပြီး သိ​လာ​ဝ​သ်​လုပ်​ရ​မယ်။ မ​စ်​နူး​န် ​ဒို​အာ​များ​ကို ကျက်​မှတ်​ပြီး လက်တွေ့ အမ​လ်​လုပ်​ရ​မယ်။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို ဂ​ဖ်​လ​သ်​ဆို​တဲ့ မေ့လျော့​ခြင်း​မှ ထိန်းသိမ်း​ပြီး၊ အ​လ္လာ​ဟ်(ဆွ​ဗ)ကို အ​မြဲ​သတိရ တသ​သူ အဖြစ်​ပြု​ပေး​တော်​မူ​ပါ။”

(၄) အိ​က်​ရာ​မေ​မွ​စ်​လင်​မ်

ရည်​ရွယ်​ချက်။ ။ အီ​မာန်ရှိ​ခြင်း​ကို အကြောင်း​ခံ​ပြီး မွ​စ်​လင်​မ် အချင်းချင်း အိ​က်​ရာ​မ် ဂုဏ်​ပေး​လေးစား​ရ​မှာ ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ မွ​စ်​လင်​မ်​တစ်​ဦး​ရဲ့ အပြစ် ​ဂို​န​ဟ်​ကို ဖုံးအုပ်​ပေး​မယ်​ဆို​ရင် နက်​ဖန် ​ကိ​ယာ​မ​သ်​နေ့​မှာ ၎င်း​ရဲ့ အပြစ် ​ဂို​န​ဟ်​ကို အ​လ္လာ​ဟ်​အရှင်​မြတ်(ဆွ​ဗ)က ဖုံးအုပ်​ပေး​မှာ ဖြစ်​ပါ​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် အိ​က်​ရာ​မ်​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် ကြီး သူ​ကို ရိုသေ၊ ငယ်​သူ​ကို သနား၊ မိဘ၊ဆရာ၊အာ​လင်​မ်​ပညာ​ရှင်​များ​ကို ဂုဏ်​ပေး​လေးစား​ရ​မယ်။ ​ခိ​ဒ်​မ​သ်​များ​များ လုပ်​ရ​မယ်။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို တမန်​တော်​မြတ်(စွ)ရဲ့ အ​ခ်​လား​က် စာ​ရိ​တ္တ​မွန်​ကို ချီးမြှင့်​တော်​မူ​ပါ။”

(၅) အိ​ခ်​လား​စ်​စွေ့​နီ​ယ​သ်

ရည်​ရွယ်​ချက်။ ။ ကောင်းမွန်​တဲ့ အမ​လ်​တိုင်း​ကို အ​လ္လာ​ဟ်(ဆွ​ဗ)အတွက်​ပဲ ရည်စူး​ပြီး လုပ်​ရ​မှာ ဖြစ်​ပါ​တယ်။

အကျိုး​ကျေးဇူး။ ။ အိ​ခ်​လား​စ်​နဲ့​အမ​လ်​တိုင်း​မှာ အ​လ္လာ​ဟ်(ဆွ​ဗ)က အင်အား ထည့်​ပေး​မှာ ဖြစ်​ပါ​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် အိ​ခ​လား​စ် ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒု​တ​ယ-မ​ရှ်​က် ကောင်းမွန်​တဲ့ အမ​လ်​တစ်​ခု လုပ်​ခွင့်​ရ​တိုင်း အ​လ္လာ​ဟ်(ဆွ​ဗ)ကို ရှ​က​ရ် ပြု​ကျေးဇူးတင်​ရ​မယ်။ အမ​လ်​ပြီး​တဲ့ အခါ အိ​စ​သ​ဂ​ဖာ​ရ်​ဖတ်​ရ​မယ်။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ကို ကောင်းမွန်​တဲ့ အမ​လ်​တိုင်း​အား အိ​ခ်​လား​စ်​နဲ့​လုပ်​နိုင်​တဲ့ သောင်​ဝ်​ဖီး​က် စွမ်းအား ချီးမြှင့်​တော်​မူ​ပါ။”

(၆) သ​ဖ်​ရီး​ကေ​ဝက်​သ် (သ​ဗ်​လီး​ဂ်၊အ​လ္လာ​ဟ်​လမ်း​ထွက်​ခြင်း)

ရည်​ရွယ်​ချက်။ ။ မိမိ​ရဲ့ ​ဂျာ​န်(သက်​တမ်း)၊ မာ​လ်(ဥစ္စာပစ္စည်း )၊ ဝက်​သ်(အချိန်)တို့​ကို ဘ၀ သက်​တမ်း​မှာ မှန်ကန်စွာ သုံးစွဲ​တဲ့ နည်း​စနစ်​ကို အ​လ္လာ​ဟ်(ဆွ​ဗ)လမ်း​ထွက်​ပြီး သင်​ယူ​ရ​မယ်။

အကျိုး​ကျေးဇူး။ ။ တစ်​မနက်/တစ်​ညနေ အ​လ္လာ​ဟ့်(ဆွ​ဗ)လမ်း​ထွက်​ခြင်း​ဟာ ​ဒွ​န္န​ယာ​နဲ့ ​ဒွ​န္န​ယာ အတွင်း​မှာ​ရှိ​တဲ့ အရာ​အားလုံး​ထက် သာ​မြတ်​ပါ​တယ်။

ရ​ယူ​နည်း။ ။ ပထမ-ဒ​အ်​ဝ​သ် အ​လ္လာ​ဟ့်(ဆွ​ဗ)လမ်း​ထွက် ခြင်း​ရဲ့ အကျိုး​ကျေးဇူး​တွေ​ကို တင်ပြ​ပြီး ဒ​အ်​ဝ​သ်​ပေး​ရ​မယ်။ ဒုတိယ-မ​ရှ်​က် အ​လ္လာ​ဟ့်(ဆွ​ဗ)လမ်း​ကို ကိုယ်တိုင်​လည်း ထွက်​ရ​မယ်။ အခြား​သူ​များ ထွက်​ဖို့​လည်း တိုက်တွန်း​ရ​မယ်။ မိမိ​ရပ်​ကွက် ပြန်​ရောက်​ရင် အမ​လ်(၅)ရပ်​မှာ အချိန်​ပေး​ရ​မယ်။ အမ​လ်(၅)ရပ်​ကတော့ (၁)ရို​ဇာ​နာ ဖိ​ကိ​ရ် (နေ့စဉ် ​အွ​မ္မ​သ်​အတွက် သောက​ပိုက်​ခြင်း) (၂) နေ့စဉ် ဗ​လီ​နှင့်​အိမ် သ​အ်​လင်​မ် များ​တွင်​ပါဝင်​ခြင်း (၃) နေ့စဉ် နှစ်​နာရီ​ခွဲ အချိန်​ပေး​ခြင်း (၄) အပတ်​စဉ် ပထမ​နှင့် ဒုတိယ ဂ​ရှ်​များ​တွင်​ပါဝင်​ခြင်း
(၅) လ​စဉ် (၃)ရက်​ထွက်​ခြင်း။ တတိယ-ဒို​အာ“ယာ-အ​လ္လာ​ဟ် ကျွန်တော်​မျိုး/ကျွန်တော်​မျိုး​မ​တို့​ရဲ့ ​ဂျာ​န်(သက်​တမ်း)၊ မာ​လ်(ဥစ္စာပစ္စည်း)၊ ဝက်​သ်(အချိန်)တို့​ကို အ​လ္လာ​ဟ့်(ဆွ​ဗ)လမ်း​မှာ အသုံး​ချ​ခွင့် ချီးမြှင့်​တော်​မူ​ပါ။”

- ဆွ​ဟာ​ဗ​ဟ်(ရ)သာဝက​ကြီး​များ​ရဲ့ အရည်​ချင်း​တွေ​ဖြစ်​ပါ​တယ်။
- ဟောပြော​နည်း​မှာ ပုံသေ​ဘောင်​ခတ်​၍ မ​ဖြစ်​နိုင်​ပါ။
- အလွန်တရာ ကျယ်​ပြန့်​တယ်။ ဘ၀ သက်​တမ်း​ရဲ့ ကဏ္ဍ​တိုင်း​မှာ ပတ်သက်​နေ​တယ်။
- သိ​ပြီး..​ပြော​ပြီး..​ရှိ​လာ​အောင်..​မ​ရှ်​က်​လေ့ကျင့်​နေ​ရ​မှာ ဖြစ်​ပါ​တယ်။

-ယာ-အ​လ္လာ​ဟ် ​အွ​မ္မ​သ်​ထု​တစ်​ရပ်​လုံး​အား အရည်​ချင်း(၆)ရပ်​အပေါ် အမ​လ်​ပြု​နိုင်​စွမ်း ချီးမြှင့်​တော်​မူ​ပါ။(အာ​မိန်း)

စင်စစ် ​သော်ကား အကြင်သူ​ထက် စကား​အရာ​၌ ကောင်းမြတ်​သူ​ကား အဘယ်သူ​နည်း။ ထို​သူ​သည်(သူတစ်ပါး​တို့​အား) အ​လ္လာ​ဟ်​အရှင်​မြတ်​ဘက်​တော်​သို့ ဖိတ်​ခေါ်​သည့်​ပြင် (မိမိ​ကိုယ်တိုင်​လည်း) ကောင်းမြတ်​သော အကျင့်​သီလ​ကို ကျင့်​မူ​ဆောက်တည်​၏။ ထို​မှ​တစ်ပါး ဧကန်​မ​လွဲ ကျွန်ုပ်သည်(မု​စ်​လင်​မ်)အမိန့်တော်​ကို နာခံ​သော​သူ​တစ်​ဦး​ဖြစ်​သည်​ဟု ပြော​၏။ ကု​ရ်​အာ​န် (၄​၁:၃​၃)  ဒါ​ဝ​သ်​သို့​အိ​လ​လ်​လာ(Islam)

Wednesday, May 18, 2011

ဒါ​အီ​၏ ​၆​ခွန်း ကြိုးပန်း​မှု(ဒု)

>>>အီ​မာန်​ဘယ်​တော့​ပြည်​ဝ​မ​လဲ-
       အ​လ္လာ​ဟ်​မှ​အပ(ဂို​င်​ရ်​ဟူ​သူ​မျှ)ကို ဘယ်​လို​ငြင်း​ရ​မ​လဲဆို​ရင် အ​လ္လာ​ဟ်(ဆွ​ဗ)ရဲ့ ​ဂို​င်​ရ်​မှ စိတ်ကုန်​သွား​ပြီး လို​အပ်​ချက်​ဟူ​သ​မျှ ၎င်း​ဖြင့်​မ​ပြည်​ဝ​နိုင်​တော့​ကြော​င်း​ကို ကြေညာ​နိုင်​ရ​မယ်။
ဥပမာ-ဟ ​ဇ​ရ​သ်​အစ်​ဗ​ရာ​ဟီး​မ်(အလို​ဟ်​ဟ​စ္စ​လာ​မ်)ဟာ“အို-ဂျစ်​ဗ​ရ​အီး​လ်၊ အသင့်​ကို အလို​မ​ရှိ​ပါ။ ကျုပ်​ဘယ်​သူ​ ့​က​လေ​မာ​ဟ် ဖတ်​ထားခဲ့​သလဲ။ သူ​က​သာ ကျုပ်ကို တိုက်ရိုက်​မြင်​နေ​တော်​မူ​တယ်။ သူ​က​ပဲ ကျုပ်ကို မြေ​ပထဝီ​ပေါ် စေလွှတ်​လိုက်​တာ​ကိုး”

မိတ်ဆွေ ​တို​ ့-​ကမ္ဘာ​သို​ ့​အရှင်​မြတ်​က စေ​လွတ်​တော်​မူ​သည်​ဟု ယ​ကီး​န်​ရှိ​လျှင် အရှင်​မြတ်​အင်အား​နဲ​ ့​အကူအညီ​ကို တိုက်ရိုက်​ရ​ရှိ​ပါ​မယ်။ ဘာ​မှ​အကြောင်း​ခံ​မ​ရှိ​ဘဲ နည်း​လမ်း​အမျိုး​မျိုး​မှ န​ဗီ​များ​ကို ကူညီ​တော်​မူ​တယ်။ ဘာ​ကြောင့်​လဲ။ အရှင်​မြတ်​က မိမိ​စေ​လွတ်​ထား​တဲ့ အုပ်စု​ကို​သိ​လို့​ပေါ့(ကု​ရ်​အာ​န်)။ အပ်​စ်​ဗာ​ဗ်​ကို ဖန်ဆင်း​တဲ့​အရှင်​ဟာ ဘယ်​အခါ​မှာ ဘယ်​လို စ​ဗ​ဗ်​ကို ယူလာ​ရ​မ​လဲဆို​တာ​သိ​ပါ​တယ်။ ဒါပေမဲ့ အရှင်​မြတ်​ထံ​တော်​မှ တိုက်ရိုက် ရ​ချင်​ရင် တိုက်ရိုက်​ကူညီ​တော်​မူ​တယ်။“မီး​ငြှိ​မ်း​ဖို့”အရှင်​မြတ်​က ရေ​ကို​ ဖန်ဆင်း​ထား​တာ​ပဲ​လို​ ့​ပြော​ကြ​မယ်။ မဟုတ်​ဘူး မိတ်ဆွေ​တို​ ့၊“မီး​ငြီ​မ်း​ဖို့”အ​လ္လာ​ဟ်(ဆွ​ဗ)ရဲ့ အမိ​န်​ ့​ဖြစ်​တယ်။ အရှင်​မြတ်​ဟာ မိမိ​ဖန်ဆင်း​ခံ​ရဲ့ အချုပ်​ချ​ယ်​ခံ​မဟုတ်​ဘူး​ဆို​တော့ ကျွန်တော်​တို​ ့​ပြုလုပ်​ထား​တဲ့ အပ်​စ်​ဗ​ဗ်​ကို ဘာ​ငဲ့​စရာ​လို​မ​လဲ။ ဒါ​ကြောင့် ကောင်းကင်​တမာ​န်​ရဲ့ အကူအညီ​ကို​လည်း သခင်​ကြီး​က ငြင်းဆန်​ခဲ့​တယ်။

ယ ​နေ​ ့​ကျွတ်​တော်​တို​ ့​နဲ​ ့​အရှင်​မြတ်​ရဲ့​အကြား​ရှိ​နေ​တဲ့ အပ်​စ်​ဗ​ဗ် အဆက်​အသွယ်​ဟာ အရှင်​မြတ်​ဘဏ္ဍာ​တော်​မှ အကျိုး၊ အမြတ်​ထုတ်ယူ​ခြင်း​မှ လက်​မဲ့​ပြု​ထား​တယ်။ အရှင်​မြတ်​ထံ​တော်​မှ အကျိုး​ဆွတ်​ခူ​ရန် အီ​မာန်​ရဲ့ ဟ​ကီ​က​သ်​ရှိ​ဖို​ ့​လို​တယ်။

“အီ​မာန်​ရဲ့ ဟ​ကီ​က​သ်​ကို ဘယ်​လို​ရ​မ​လဲ”
အမြင် ​ကို​ဆန်​ ့​ကျင်​ပြီး ပြော​မှ၊ အမြင်​ကို​ဆန်​ ့​ကျင်​ပြီး နားထောင်​မှ၊ အမြင်​ကို​ဆန်​ ့​ကျင်​ပြီး စဉ်းစား​မှ၊အမြင်​ကို​ဆန်​ ့​ကျင်​ပြီး လျှေ​က်​မှ အီ​မာန်​ရဲ့ ဟ​ကီ​က​သ်​ကို ရ​မယ်။ ​အွ​မ္မ​သ်​အတွင်း​မှာ ဖော်​ပြ​ပါ အချက်​တွေ မ​ပြန်​ ့​သ​ရွေ​ ့​အီ​မာန်​ရဲ့ ဟ​ကီ​က​သ်​ကို လှမ်း​နိုင်​မှာ မဟုတ်​ပါ။

မိတ်ဆွေ ​တို​ ့-​အမြင်​ရဲ့​ကို​ဆန်​ ့​ကျင်​ဘက်​စကားပြော​ရင် နားထောင်​သူ​ရဲ့ နှလုံးသား​ထဲ ​ရှို​င်​သွာ​န်​က ခွ​စီး​ထိုင်​လိုက်​တယ်။ ၎င်း​က“အေး ဟုတ်​ချင်​လည်း ဟုတ်​မှာ​ပေါ့၊ ဒါပေမဲ့ ဖြစ်​နိုင်​ခြေ​လည်း​မ​ရှိ​ပါ​ဘူး”လို​ ့​စိတ်​ထဲ​က​နေ အဆိပ်​ရည် ထည့်​သွင်း​လေ့​ရှိ​တယ်။ န​ဗီ​များ၊ စွ​ဟာ​ဗီ​များ​ရဲ့ အကြောင်း​မှာ ဒါ​တွေ တွေ​ ့​ရ​ပါ​တယ်။

မိတ်ဆွေ ​တို​ ့-​ကု​ရ်​အာ​န်​တစ်​အုပ်လုံး​မှာ ဟေ​ဒါ​ယ​သ်​ရဲ့​အကြောင်း​ခံ​နဲ့​ ပျက်စီး​ရ​တဲ့ အကြောင်း​ခံ​ကို ဖော်​ပြ​ထား​တာ​ပြည့်​လျှံ​နေ​တာ​ပဲ။ ဒါပေမဲ့ ဒါ​ကို ယ​ကီး​န်​ရှိ​သူ​ပဲ​မြင်​ရ​မယ်။ ဒွိဟ သံသယ​ရှိ​သူ​ကတော့​မြင်​ရ​မှာ​မဟုတ်​ဘူး။ ဒီ​နေ​ ့​ဟော​ကိန်း​တွေ​ဟာ အမြင်​ကို​ကြည့်​ပြီး အမြင်​နဲ​ ့​ကိုက်​ညီ​တဲ့​စကား​တွေ​ဖြစ်​တယ်။ ဒါပေမဲ့ ကု​ရ်​အာ​န်​ကတော့ အမြင်​ရဲ့​ဆန်​ကျင်​ဘက်​ကို ဟောကြား​နေ​တယ်။

မိတ်ဆွေ ​တို​ ့-​သံသယ​ကို အခြေ​ခံ​ပြီး နားထောင်​ရင် အီ​မာန်​ရဲ့ ဟ​ကီ​က​သ်​ကို မ​ရ​နိုင်​ပါ။ ဒါ​ကြောင့် အထက်​ပါ​အကြောင်း​တွေ​ကို ယ​ကီး​န်​ရဲ့ အခြေ​ခံ​နဲ​ ့​နားထောင်​ပါ။ နားထောင်​လျက်​ပြော​ပါ။ ဒါ​ပဲ အမှန်၊ ဒါ​ပဲ သစ္စာ​တရား​ဖြစ်​တယ်​လို​ ့​ပြော​နေ​ရင် နှလုံးသား​ထဲ​မှာ အီ​မာန်​ရဲ့ လှိုင်း​လုံး​တွေ ထ​လာ​မယ်။ ဒီ​လို​မှ​နား​မ​ထောင်​ရင် အီ​မာန်​ရဲ့ ဟ​ကီ​က​သ် မ​ကိန်းအောင်း​စေ​ရန် ​ရှို​င်​တွာ​န်​ဟာ သံသယ​ကို ထည့်​သွင်း​လိမ့်​မယ်။

က​လေ​မာ​ဟ်​ရဲ့ ဒ​အ်​ဝါ​သ်​ကို မွ​စ်​လင်​မ်​များ​လောက​မှာ ရှင်​သန်​လာ​အောင် ကြိုးစား​ရ​မည်။
ဒီ ​နေ​ ့​ဒ​အ်​ဝါ​သ်​ပေး​နေ​တာ​ဟာ က​လေ​မာ​ဟ်​မ​ဖတ်​တဲ့၊ မ​ရ​သေး​တဲ့​သူ​ကို ဒ​အ်​ဝါ​သ်​ပေး​နေ​တယ်။ န​မာ​ဇ်​မ​ဖတ်​သူ​ကို န​မာ​ဇ်​အတွက် ဒ​အ်​ဝ​သ်​ပေး​နေ​တယ်။ ​ဂျ​ဟာ​လ​သ်၊ ဂ​ဖ​လ​သ်​ထဲ ဈ​န်​ဝင် နေ​သူ​ကို အိ​လ်​မို​ဇိ​က်​ရ်​ရဲ့ ဒ​အ်​ဝ​သ်​ပေး​နေ​တယ်။ စာ​ရိ​တ္တ ဖောက်​ပြန်​သူ​ကို အစ်​က​ရာ​မ်​ရဲ့ ဒ​အ်​ဝ​သ်​ပေး​နေ​တယ်။ ပကာသန​ဝင်​နေ​တဲ့ သူ​ကို အစ်​ခ​လာ​စ်ွ​ရဲ့ ဒ​အ်​ဝ​သ်​ပေး​နေ​တယ်။ ဒီ​တော့ ဒ​အ်​ဝ​သ်​အားလုံး​ဟာ သူ​များ​အတွက်​ဖြစ်​သွား​တယ်။ ကိုယ့်​အတွက် မဟုတ်​တော့ ယ​ကီး​န်​မ​ပြောင်းလဲ​တော့​ဘူး။

ဒါ ​အီ​ဟာ မည်​သည့်​အချက်​ဘက်​ကို မိမိ​အတွက် ဒါ​ဝ​သ်​ပေး​သလဲ။ အဲ​ဒီ​အချက်​ကို အရှင်​မြတ်​က ဦးစွာ ၎င်း​ဒါ​အီ​ကို​ပဲ ချီးမြှင့်​တယ်​လို​ ့​မော်​လာ​နာယူ​စွ​ဖ်​ဆပ် မိန်​ ့​ခဲ့​တယ်။

ရိုးသား ​သော​စကား​များ​ဖြင့် ​၆ ချက်​ကို ဖော်​ပြ​ပါ။ ​၆ ချက်​ဟာ​ကြိုးပမ်း​မှု​ဖြစ်​တယ်၊ ​၆​ချက်​ဖြင့် ယ​ကီး​န်​ကို ပြောင်းလဲ​ယူ​ရ​မယ်။ အခြား​သူ​ရဲ့ ယ​ကီး​န်​ကို​လည်း ပြောင်းလဲ​ဖို​ ့​အကြောင်းရှာ​ရ​မယ်။ ဒါ​ကြောင့် မော်​လာ​နာယူ​ဆွ​ဖ်​ဆပ်​က မိန်​ ့​တယ်“ပြော​သူ​ရဲ့​ရှေ​ ့​မှာ ​၆​ချက်​ရဲ့ ဟ​ကီ​က​သ်​မ​ရှိ။ ​၆​ချက်​ရဲ့ အိ​လ်​မ် သာ​ရှိ​မယ်​ဆို​ရင် ၎င်း​အိ​လ်​မ်​ကြောင့် အခြား​သူ​ကို အ​စ္စ​လာ​ဟ် ပြုပြင်​ဖို​ ့​သာ​နီ​ယ​သ်​ရှိ​မယ်။ မိမိ​ကို ပြုပြင်​ဖို​ ့​နိ​ယ​သ်​ရှိ​မှာ​မဟုတ်​ဘူး” ဒါ​မျိုး​ဆို​ရင်​တော့ ဒါ​ဝ​သ်​ကြောင့် ကိုယ်​လည်း​အ​စ္စ​လာ​ဟ်​မ​ရ၊ ယ​ကီး​န်​မ​မှန်​သည့်​အပြင် အခြား​သူ​အပေါ်​သို​ ့​လည်း ဒါ​အ်​ဝ​သ်​ရဲ့ အကျိုး​သက်ရောက်​မှု မ​ရှိ​နိုင်​ပါ။ 

ဒါ​ကြောင့် စွ​ဟာ​ဗာ(ရ)များ​က တမန်​တော်​မြတ်(စွ)ထံ​မှ အီ​မာန်​ကို​ဆည်း​ပူး​ခဲ့​ကြ​တယ်။ 
تعلمناالا يمانثم تعلمناالقران လို​ ့​ပြော​ခဲ့​ကြ​တယ်။ ယ​ကီး​န်​ကို သင်​ယူ​ပြီး​နောက် ​ဒွ​န္ဒ​ယာ၊ အာ​ခိ​ရ​သ်​မှာ​ချီးမြှင့်​မယ့် ကတိ​တော်​ဆိုင်​ရာ အ​ဟ်​ကာ​မာ​သ်​ကို စွ​ဗ​ဟာ(ရ)များ လက်​တွေ​ ့​အား​ဖြင့်​ကျင့်ဆောင်​လိုက်​ကြ​သ​တဲ့။ 

ဒါ ​ကြောင့် လူ​ဟောင်း၊လူ​သစ်တို​င်း​ဟာ မနက်​ညနေ​တိုင်း မိမိ​ယ​ကီး​န်​နဲ​ ့​မိမိ​အ​အ်​မာ​လ်​ကို ဆန်း​စစ်​နေ​ပါ။ တိုးတက်​မှု ရှိ​ရဲ့​လား​ဆို​တာ သိသာ​လာ​မယ်။ >>>

Tuesday, April 19, 2011

ဒါအီ၏ ၆ခွန်း ကြိုးပန်းမှု (ဟဇရသ် မော်လာနာ စအဒ်ဆပ်)

မိတ်တွေတို့ -သဗ်လီးဂ်ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး မုဇာကရဟ် လုပ်ဖို့ စုရုံးနေခြင်းဖြစ်ပါတယ်။
ကြိုးပန်းမှုကတော့ အားလုံးမှာရှိပါတယ်။သို့ သော် လူတိုင်း မအောင်မြင်ကြပါ။တမန်တော်မြတ်(စွ)ရဲ့စနစ်နဲ့ 
ထပ်တူဖြစ်မှ ကြိုးပန်းမှုထိရောက်ပါတယ်။ဒီတော့ ကြိုးပန်းမှုမှာ နဗီရဲ့အသွေးအရောင်ရှိဖို့  လိုတယ်။

အရှင်မြတ်ရဲ့အလိုတော်နှင့် လုပ်ငန်းဖြစ်နေတာ ရှင်းပါတယ်။ သို့ သော် နဗီရဲ့လုပ်ငန်းလို့ခေါင်းစဉ်
တပ်ထားသော်လည်း နဗီရဲ့အချင်းလက္ခဏာကင်းမဲ့နေပါတယ်။နဗီရဲ့ အချင်းအဆင်းဆိုတာ ဘာလဲ-

အဘယ်မျှ ကြိုးပမ်းခိုင်းသလဲ၊ ထိုမျှပင် လုပ်ကိုင်ကြိုးပမ်းရမယ်။
အဲဒါ“မေဇာဂျေနဗူဝသ်”အကယ်၍  လုပ်ငန်းကို ကိုယ့်ဆန္ဒ၊ ကိုယ်သဘောနဲ့ လုပ်နေသမျှတော့သဘာဝနဲ့
ဆန့်ကျင်ဘက်အကူအညီ မရနိုင်ဘူး။နွစ်ရသ်ဟာ“မေဇာဂျေနဗူဝသ်”နဲ့ပဲသက်ဆိုင်တယ်။
နဗီရဲ့အရောင်အဆင်းထင်ရှားလာသည်နှင့်အမျှအကူအညီအထောက်အပံ့ကို ရရှိမည်။
အလုပ်ဟာ ဗယာန်နဲ့မတွင်ကျယ်ဘူး။“မေဇာဂျေနဗူဝသ်”နဲ့ပဲလုပ်ဆောင်ရပါမယ်။ ကြိုးပမ်းမှုတစ်ရပ်လုံးရဲ့
အနှစ်အချုပ် ကတော့အရည်အချင်း ၆-ရပ်ကို ဒအ်ဝသ်ရဲ့ လမ်းကြောင်းမှတဆင့် ကူးယူရမယ်။
နံပတ်စဉ်တိုင်းမှာ ၃ချက်စီ ရှိတယ်။လူသစ်လူဟောင်းတို့ ဟာ ယင်းကြိုးပန်းမှုများကိုဂရုမပြုရင်တော့
(၆)ချက်ရဲ့ အတိမ်အနက် အစစ်အမှန်ဆီကိုရောက်မှာမဟုတ်ဘူး။ ဒီတော့ မုဇာကရဟ်လုပ်ရင်းနဲ့ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လောက်လုပ်ရမလဲဆိုတာထင်ရှားလာမယ်။ အဲဒီအတိုင်း ကြိုးပမ်းမှ မေဇာဂျေနဗူဝသ်ကိုရမယ်။

ပထမကတော့ “ဒါအ်ဝသ်”၊ ဒါအ်ဝသ်ဘာကြောင့်ပေးရသလဲ၊ ဘာမက်စဒ်နဲ့ ဖိတ်ခေါ်ရသလဲ၊ မိမိအတွင်းသွတ်သွင်းလိုရင် သဗ်လိဂ်း အရည်အချင်းအားဖြင့် ထည့်သွင်းဖန်တီးရပါတယ်။ ကိုယ့်အထဲ စွဲငြိလာရေးအတွက် အခြားသူအတွင်းရောက်ရှိဖို့  ကြိုးစားလေ့ကျင့်ယူရမယ်။ ဒါအ်ဝသ်ရဲ့ကောင်းခြင်းလက္ခဏာ တခုက ဒါအီဟာ အလုပ်တရပ်ဘက် ဒါအ်ဝသ်ပေးလာရင် ဒါအ်ဝသ်ကြောင့် ၄င်းရဲ့အနက်အမှန်ဟာ ကာယကံရှင်ရဲ့ အတွင်းမှာ ကူးစက်ကိန်းအောင်းလာရပါတယ်။ အလ္လာဟ်ရဲ့ အစီအမံကိုက ဒီအတိုင်းပဲ။
သို့ သော် ဒါအ်ဝသ်ပေးတဲ့အခါ ၄င်းရဲ့ ဟကီကသ်ကိုသာ ရှေ့တန်းတင်ထားရမယ်။

မိတ်ဆွေတို့ အဓ္ဓခေါင်းငြိမ့်လက်ခံသွားရေးသည် ဒါအ်ဝသ်ရဲ့အခြေခံ မဟုတ်ပါ။
ကိုယ်ဒါအ်ဝသ် ပေးသမျှ အချက်များက မိမိရဲ့ ယကိန်း အသွင်ပြောင်းလဲရန်သာ နိယသ်ရှိရပါမယ်။

ဒါဝသ်ဖြင့် အခြားသူ အစ္စလာမ်ရရန်မဟုတ်။မိမိယကီးန် ကိုပြောင်းလဲရန်သာဖြစ်တယ်။ ကလေမာဟ်မှ စတင်ပြီးအွမ္မသ်ကို နဗူဝါသ်လမ်းမှရသော လုပ်ငန်းအပေါ် တင်ပေးသည်အထိ အားလုံးရဲ့ယကီးန်စွဲမြဲ သွားဖို့ဖြစ်တယ်။

မိတ်ဆွေတို-့နဗီများဟာအရေးတကြီးအခြေခံကြိုးပန်းမှု ပြုခဲ့တာဟာ“လာအိလားဟ အိလလ်လာ”သာဖြစ်ပါတယ်။
ဒါကို မရယူသေးရင် အမလ်အပေါ်စွဲမြဲမှုနဲ့ အမလ်အားဖြင့် အရှင့်ဘဏ္ဌာတော်မှ ကျိုးဆွတ်ခူးနိုင်တဲ့ နည်းလမ်းရှိမှာမဟုတ်ဘူး။ပထမအချက်ကို မဟ်နသ်အားဖြင့် ရရှိအောင်လုပ်ရမယ်။

မိတ်ဆွေတို-့တိကျတဲ့အမလ်၊ ယင်းအမလ်မှရတဲ့ ကုသိုလ် စဝါဗ်၊
တစ်ဖန် ၎င်းအမလ်အားဖြင့် အာခေရသ်မှာပဲ ရရှိရုံ မဟုတ်ပါ။
သို့ပင်မက အရှင်မြတ်ရဲ့ ဘဏ္ဌာတော်မှ တိုက်ရိုက်အကျိုးရယူရန် အတွက်ပါဖြစ်ပါတယ်။
တစ်လမ်းတည်း၊စည်းကမ်းချက် တစ်ချက်တည်းလိုပါတယ်။ စစ်မှန်တဲ့ အီမာန်ကိုရှာယူပါ။
အရှင်မြတ် ကတိပြုထားတာကို ယကီးန်ရအောင် သင်ယူပါ။ ယင်းကို လက်ခံယုံမဟုတ်၊ ယုံကြည်ဖို့အရေးကြီးပါတယ်။
-တစ်ချက်က အီမာန်ရဲ့ သဘောတရား၊ ဒါက ဦးနှောက်အထိပဲ ရောက်တယ်။
-တစ်ချက်က အီမာန်ရဲ့ စာလုံးစာသား၊ ဒါက စာအုပ်အထိပဲ ရောက်တယ်။
-တစ်ချက်က အီမာန်ရဲ့ အသံဗလံ၊ ဒါက နားအထိပဲ ရောက်တယ်။
-တစ်ချက်က အီမာန်ရဲ့ စကား၊ ဒါကနှုတ်လျှာအထိပဲ ရောက်တယ်။
-တစ်ချက်က အီမာန်ရဲ့ “အစ်ခလာစွ်” ဒါက နှလုံးသားအထိ ရောက်တယ်။

ကလေမာဟ်ရဲ့ အစ်ခလာစ်ွကဘာလဲ၊ ကလမာဟ်ရှင်ကို ဒီကလေမာဟ်က ဟရာမ်မှ တားဆီးပေးရမယ်။
ရှိရ်က်ဟာ ကလေမာဟ်ရှင်ကို လူးလိမ့်ခံစားစေသလို ကလေမာဟ်တော်ဟာ ကလေမာဟ်ရှင်နှင့်
ဟရာမ်များအကြားအတားအဆီး ဖြစ်ရမယ်။ ဒါမှ မုအ်မင်န်ရဲ့ လက္ခဏာပေါ်လွင်မယ်။

အလ္လာဟ်ရဲ့ ဇာသ်၊ အလ္လာဟ်ရဲ့ ဆွေဖာသ်၊ အလ္လာဟ်ရဲ့ ရဗ်ဖြစ်ခြင်း ကဏ္ဍမှာ တစ်စုံတစ်ရာကို ဖက်စပ်ပြုခြင်းသည်
မွအ်မင်န်အဖို့ စိတ်မချမ်းမြေ့စရာ အကြောင်းဖြစ်သည်။
အီမာန်ရဲ့ဟကီကသ် မရသေးသမျှ ကာလပတ်လုံး ရှိရ်က်မှရှောင်ရန် ဖြစ်နိုင်ချေမရှိပါ။
သို့ သော် အိလ်မ်က လမ်းညွန်မှုပေးလျှင် တစ်ကဏ္ဍပါ။
ဒါပေမဲ့ ယနေ့ ပစ္စည်းဝတ္တုကို ဆက်သွယ်ပတ်သက်စရာဟု လက်ခံနေတာက အီမာန်မဲ့ခြင်းရဲ့ အခြေခံအုတ်မြစ်ပဲ။

ငလျင်လှုပ်လာရင် မြေပထဝီသုတေသီကို မေးစမ်း၊ ငလျင်ဘာကြောင့်လှုပ်သလဲ။
ကပ်ဆိုက်လာရင် သိပ္ပံပညာရှင်ကို ကပ်ဘာကြောင့်ဆိုက်သလဲ၊
ရောဂါဝေဒနာစွဲကပ်လာရင် ကျန်းမာရေး ဝန်ကြီးကိုမေးစမ်း ရောဂါ ဘာကြောင့်ဖြစ်သလဲ။

အကယ်၍ အီမာန်ရဲ့ ဟကီကသ်ရှိလျှင် ငလျင်လှုပ်တာ ဇေနာ များလာတာကြောင့်။
ကပ်ဆိုက်တာ အလေးတင်းတောင်း ခြင်တွယ်ရာတွင်ခိုးဝှက်လာတာကြောင့်လို့ ပြောကြမယ်။
ဒီတော့ အီမာန်ရဲ့ ဟကီကသ် ဝင်ဆန့် သွားရင် အခြေအနေကို ကိုယ့်ရဲ့ မကောင်းမှုနဲ့ ဆက်စပ်ကြည့်မယ်။

အရှင်မြတ်ဟာ ကမ္ဘာ့အစီအမံကို မြင်တွေ့ ရတဲ့ အပ်စ်ဗာဗ်(အကြောင်းခံ)နဲ့ မဆက်စပ်ထားပါ။
ကျုပ်တို့ ကတော့ ဒွန္နယာဟာ ဒါရွလ်အပ်စ်ဗာဗ် လို့ ပြောပြီး အပ်စ်ဗာဗ်ကိုပဲ ကြိုက်နေကြတယ်။

ဝတ္တုပစ္စည်း၊ အလုပ်ရုံ၊ ဆိုင်၊ လယ်ဟာ၊ ဝန်ထမ်း အစရှိတာတွေဟာ အပ်စ်ဗာဗ်ဂိုင်ရ် အတွက်ဖြစ်တယ်။
ကျုပ်တို့ ရဲ့ အပ်စ်ဗာဗ်ကတော အအ်မာလ်ဖြစ်တယ်။ ဒါကြောင့် ဒါရွလ်အပ်စ်ဗာဗ်လို့ ခေါ်တယ်။

အရှင်မြတ်ရဲ့ အမိန်ပညတ်တော်များက အပ်စ်ဗာဗ်ဖြစ်တယ်။ အီမာန်ရှင်က စဗဗ်ကို ကိုင်ရင်တောင် အရှင့်အမိန်တော်အရပဲဖြစ်တယ်။အပ်စ်ဗာဗ်ကြောင့် လက်လှမ်းမှာ မဟုတ်ဘူး။
အမိန်တော် အရ စဗဗ်ကို ကိုင်ရင် အကျိုးစဝါဗ်လည်း ရရှိမယ်။ ကွဒ်ရသ်အရ အောင်မြင်မှုကို ချီးမြှင့်မယ်။

မိတ်ဆွေတို-့အရှင်မြတ်ရဲ့ ကွဒ်ရသ်ဟာ အပ်စ်ဗာဗ်နဲ့ ဆက်စပ်နေတယ်လို့ ပြောတာ မှားတယ်။
ကွဒ်ရသ်အားဖြင့် အကျိုးဆွတ်ခူးချင်ရင် အအ်မာလ်လုပ်ပြီး ဆိုင်ထိုင်၊ အအ်မာလ်ဆောက်တည်ပြီး အရောင်အဝယ်လုပ်၊ အအ်မာလ်ကျင့်ဆောင်ပြီး အလုပ်ရုံသွား၊ ဒါလည်းမဟုတ်သေးဘူး။

မိတ်ဆွေတို့ ကွဒ်ရသ်ဟာ အပ်စ်ဗာဗ်ရဲ့ အနွံတာခံမဟုတ်။ အပ်စ်ဗာဗ်က ကွဒ်ရသ်ကို ချုပ်ထားတာမဟုတ်ဘူး။ အပ်စ်ဗာဗ်ရဲ့ အချုပ်ချယ်ခံဆိုရင် ကွဒ်ရသ်တောင်မဟုတ်ဘူး။
စင်စစ်မှာ အပ်စ်ဗာဗ်ဟာ ကွဒ်ရသ်အတွင်းမှာရှိတယ်။
အလိုတော်ရှိရင် ကွဒ်ရသ်တော်အရ အပ်စ်ဗာဗ်မပါဘဲနဲ့ တိုက်ရိုက်အောင်မြင်မှု ပေးတော်မူတယ်။
နဗီများဟာ အွမ္မသ်ကို အပ်စ်ဗာဗ်ရဲ့ လမ်းကြောင်းမှာထားမသွားဘူး။
အရှင့်ဘဏ္ဍာတော်မှ ဟကီကသ်ဝင်ရင် အလ္လာဟ် ထံကယူတဲ့ အပ်စ်ဗာဗ်ဟာ ဆိုင်၊ လယ်ယာ၊ အလုပ်ရုံ၊ ဝန်ထမ်းစသည်များလား...။သို့ မဟုတ် အရှင်မြတ်ရဲ့ အမိန်တော်လားဆိုတာ ညွန်ကြားလိမ့်မယ်။(>>>)

Sunday, February 6, 2011

ပထမ ဟဇရသ်ကြီးမော်လာနာ အိလ်ယားစ်ဆပ် ၏ သြဝါဒများ(ပ၊ဒု)

-အကီဒဟ်ဆိုသည်မှာ ကျစ်လစ်ခိုင်ခန့် အောင်တုတ်နှောင်ခြင်းဖြစ်သည်။စွဲမြဲသက်ဝင်ခြင်း၊
 အကီဒဟ်ဆိုင်ရာခံယူချက် ပေါ့လျော့သည်နှင့် ကွဖ်ရ်ဖြစ်သွားပေမည်။

-အရှင်မြတ် အမိန့် တော်နာခံရာမှ အရသာစည်းစိမ် ဆွတ်ခူး မြူးတူးသွားခြင်းသည် အဗ်ဒီယသ်-
 ဗန္ဒာဟ်ဖြစ်သည်။
 အဗ်ဒီယသ်-ဗန္ဒာဟ် ပီသ သည်နှင့်အမျှ အရာဝတ္တုတိုင်းသည် အသင့်ကျွန်ခံလာကြပေမည်။

-ကလေမဟ်၏ ပထမှအပိုဒ်တွင် သောင်ဟီးဒ် အကာအဒ် နှင့်
 အရှင်မြတ်၏မအ်ရိဖသ်များပါဝင်သည်။
 ဒုတိယအပိုဒ်တွင် တမန်တော်မြတ်၏(စွ)အားသတ်သေခံသကဲ့သို ကိုယ်တော့်
 အနွံတာခံရန်လည်းပါဝင်သည်။

-မည်သည့်ကိစ္စကိုပင်ဖြစ်စေ၊ အရှင်မြတ်၏ အမိန့်တော်အရ မဆောင်ရွက်ပါမူ
 မိမိကလေမဟ်သည် မပြည့်စုံသေးပေ။

-စိတ်လိုရာနှင့် ကိုယ်ကျိုးမဖက် နဖ်စ်စေရာရဲ့ အနွံတာမခံအမိန့် 
 တော်အတွက်အသက်သိက္ခာကိုပင်
 စွန့် ရသည်ဖြစ်စေ၊နှမြောတွန့် တို ဆိုင်းငံ့နှေးကွေးမည်မဟုတ်ဟု ဝန်ခံခြင်းသည် “လာအိလာဟ
 အိလ်လလ္လဟဟ်” ဖြစ်သည်။

-ကိုယ်ကာယသန့် စဉ်နေလျင် စိတ်နှလုံးလဲရွှင်နေမည်။ကလေမာဟ် စာပုဒ်သည် ကိုယ်ကာယ၊
 ကလေမာဟ်၏အာရုံသည် ဝိညာန် ကလေမာဟ်စာပိုဒ်ကို ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ကြပါ။

-လားအိလာဟ   ။  ။ ကိုယ့်စီမံကြံ ဆရာလမ်းကို မလျောက်ပါ။
 အိလ်လ္လာဟ်      ။  ။ အရှင်မြတ်မှ ထုတ်ပြန်သော အမိန့် တော်ဆိုလျင် အသက်နဲ့ လဲပြီး
                            အကောင်အထည်ဖော်မည်။ဤမျှ တစိတ်တလက်ထဲ ပြောဆိုဝန်ခံသူသည်
                            ဂျန္နသ်သို့  မုချရောက်ရှိပေမည်။


-ကလေမာဟ်ဖြင့် ပြောင်းလဲရပါမည်။အခြေအနေဟူသရွေ့အလုံစုံကို ဆောင်ရွတ်မည်။သို့ သော်
 နဖ်စ်အလိုကျမဟုတ်။အရှင်မြတ်အတွက်သာ ဆောင်ရွက်ရမည်။ဤသို့ ပြောင်းလဲရပါမည်။

-စိတ်ကြိုက်နှင့် ကိုယ်ကျိုးအတိုင်း မလျှောက်တော့ပါဟူသည် “လာအိလာဟ”
 အရှင်မြတ်၏အမိန့် တော်အတိုင်း ကျင့်ကြံပါမည်ဟု ကတိပြုချင်းသည် “အိလ်လလ္လဟ်”

-“လားအိလာဟ”သည် နဖ်စ်အမိန့် ၊“အိလ်လလ္လ်ာ”သည်အလ္လာ့ဟ်အမိန့် ၊“လားအိလာဟ
  အိလ်လလ္လ်ာ”ဆိုသည်မှာ အရှင်မြတ်၏ အမိန့် တော်များကို “မုဟမ္မဒွရ် ရစူလ္လာဟ်”ထံမှ
  ရှာဖွေ ဆည်းပူးပါလေ။

-နှလုံးသားအားဖြင့် အရှင်မြတ်နှင့် ဆက်သွယ်ပေါင်းစပ်လိုက်ခြင်းသည် ကလေမာဟ်၏
 ပထမအပိုဒ်၊စိတ်နှလုံးသားမျက်နှာကို အရှင်မြတ်ဘက်သာ လှည့်ရန်မှာ
 တမန်တော်မြတ်(စွ)နောက်လိုက် ပီသခြင်း၌ ရှိသည်မှာ ဒုတိယအပိုဒ်။

-“လားအိလာဟ”စိတ်စေရာကို မလိုက်နှင့်။အိလ်လလ္လာဟ် အရှင်မြတ်၏ အမိန့် 
  တော်နောက်လိုက်ပါ။“မုဟမ္မဒွရ် ရစူလွလ္လာဟ်”အသင်လို ညစ်ညမ်းသူက အရှင်မြတ်အမိန့် 
  တော်ကိုမည်သို့ သိနိုင်ပါမည်နည်း။တမန်တော်မြတ်(စွ)ပင် အမိန့် တော်ကို ညွန်ပြသွားပေမည်။

-အမိန့် တော်များ ရှင်သန်လာရန်အလို့ ငှာအသက်စွန်စားရမည့်အကြောင်းခံကို
 ရှာဖွေခြင်းသည်“အစ္စလာမ်”ဖြစ်သည်။

-အမလ်သည် စင်္ကြန်လမ်းဆိုလျင် အမိန့် တော်များကား  ကြိုးအသွယ်သွယ်ဖြစ်သည်။
 ယင်းကြိုးများမှတဆင့် အရှင်မြတ်ထံ ပေါက်ရောက်နိုင်ပေသည်။

-တမန်တော်မြတ်(စွ)ကိုလက်ခံခြင်းသည် ကိုယ်တော့်သြဝါဒကို လက္ခံခြင်းပင်။
 ကိုယ့်တော်သြဝဒနှင့် အမာလ်များအတွက် စိတ်မကြည်
 မချမ်းမြေ့ခြင်းသည် ကိုယ့်တော်အား ချစ်သည့် သာဓကဖြစ်သည်။
 ဤသို့ သာဓက မပြနိုင်သော အချစ်သည်လက်ခံဖွယ်ရာ မဖြစ်နိုင်။    

စာကူးသူ(M ilyas)
ကလေမာဟ်၏ဖိတ်ခေါ်သံ နှင့် ဒါအီ၏(၆)ခွန်းကြိုးပမ်းမှုကျမ်း

ဒုတိယ ဟဇရသ်ကြီးမော်လာနာ မုဟမ္မဒ်ယူစွဖ်ဆပ် ၏ သြဝါဒများ(1)

-ကလေမာဆိုတာ ယကီးန်ကို ပြောင်းလဲခြင်း၊ရုပ်ဝတ္တုများမှ ယကီးန်ကိုဖယ်ရှားပီး
 အရှင်မြတ်ပေါ်မှာသာ ယကီးန်ရောက်သွားရေးအတွက် ကလေမာဟ်ဖြင့် ဖန်တီးယူပါ။
 တမန်တော်မြတ်(စွ)ပြသခဲ့သည်အတိုင်း ယကီးန်ရဲ့ဒအ်ဝါသ် ပေးရမည်။
 ဒအ်ဝါသ်နှင့်အမျှ ယကီးန် အမြစ်တွယ်မယ်၊ တစ်ကိုယ်ထီးတည်း ရှိသည်အခါလည်း
 ကလေမာဟ်ကို အာရုံတစိုက်ရွတ်လျှင် ဖတ်သမျှ ယကီးန် စွဲမြဲမယ်။

-ပစ္စည်းဝတ္တုကို အားမကိုးနဲ့ ။အကြောင်းခံဟာ ဆုံးဖြတ်ချတ် အစစ်အမှန်မဟုတ်။
 ဖြစ်ပျက်နေတာ အမလ် ဆွေဖသ် များကြောင့်ပဲ၊မခ်လူက်ရဲ့ ဖန်ဆင်းရှင်အလ္လာဟ်(စွဗ်)
 နဲ့ သာဖြစ်ပျက်နေတော့ ထိုအရှင်ကိုသာ သိပါ၊သဘောပေါတ်ပါ၊အမိန့် တော်ကို နာခံပါ။

-အရှင်မြတ်သာ အရာရာကို စွမ်းနိုင်တော်မူတယ်။အရာဝတ္တုများ ဘာမျှ မပြုနိုင်ပါ။
 အန္တရယ်ပြုလိုလျှင်လည်း အရှင်မြတ်ကိုသာလိုအပ်နေမည်။အရှင်မြတ်မှ အကျိုး အဆိုး
 ပေးဖို့ ဘယ်ဝတ္တုမှမလိုပါ။

-အကျိုးရလဒ် အသီးအပွင့်ကတော့ အရှင်မြတ်လက်ဝယ်ရှိပါတယ်။ယင်းအတွက် ဗန္ဓဟ်ကို
 တာဝန်မပေးထားပါ။ဗန္ဓဟ်ရဲ့ တာဝန်ကတော့် အရှင်မြတ် ကျေနပ်တော်မူသော လုပ်ငန်းမှာ
 ခိုင်မြဲစွာ ရပ်တည်ပြီး ဘဝတစ်ခုလုံးကို နှစ်မြုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

-မလိုလားအပ်သော အခြေအနေက်ု စွဲမက်သော အခြေအနေဖြင့် လဲလှယ်ရန်
 အီမာန်အတွက်ဂျာန်ကိုစွန်စား၊တမန်တော်မြတ် သရီကဟ်ကမ္ဘာတစ်ခွင်မှာ ပြန့် ရန်အလို
 ငှာ  ရေဆာဗိုတ်ဟာ အပူအအေးကို မမှု့ဘဲ အဆင်းရဲခံ ကြိုးပမ်းရာမှာရှိပါတယ်။

-ကျားအင်္ဂါမှထုတ်၍ မအင်္ဂါမှ ထုတ်သည့်အပြင် လူတိုင်းဟာ တနေ့ မှာ နံဆော်သော
 ပိုးမွှားအကြား ရောက်ရှိပေမည်။ဤသည် ဘုရင်သူတောင်းစား အားလုံးအတွက်
 တစ်ပုံစံတည်း ဖြစ်သလို ဘဝရဲ့ တိုးတက်ကျဆင်းမှု့ အကြောင်းခံ“ယကီးန်အမလ်”
 သည်လည်း အလွှာစုံတို့ အတွက် တစ်ပြေးညီဖြစ်ပါသည်။

-ဖန်းဆင်းရှင်က အလ္လာဟ်(စွဗ်)၊ ဖန်ဆင်းရတဲ့အကြောင်းက တမန်တော်မြတ်(စွ)၊
 ဒီတော့ဘယ်အရာကိုမဆို သုံးစွဲလိုပြီဆိုရင်အလ္လာဟ်ရစူလ်က ခွင့်ပြုသလား၊
 ခွင့်ပြု မပြုကို အာရုံမပြုသူဟာ အလစ်သမား၊သခိုးဖြစ်တယ်။

-တမန်တော်မြတ်(စွ)ရဲ့ နဗူဝါသ်ဟာ ကိယာမာသ်ထိဖြစ်သလို တမန်တော်မြတ်(စွ)
 နေထိုင်မှု့ စနစ်ကလည်း ခေတ်အဆက်ဆက် ကိယာမာသ်တိုင်ဖြစ်ပါတယ်။

-တမန်တော်မြတ်(စွ)ရဲ့ လူနေမှု့ စနစ်ကို ကျင့်သုံးမှ အရှင်မြတ်ကို ရမယ်။
 အခြေအနေကောင်းမယ်လို့ ယုံကြည်ပါ။ယဟူဒ်နစာရာရဲ့ လမ်းကြောင်းမှ
 မုအာရှရသ်ကို ပျိုးထောင်ရင် အခြေအနေပျက်သထက် ပျက်သွားမယ်။

-အဓိကသည် စကြဝဠာမဟုတ်၊ လူဖြစ်တယ်။အဓိကကိုမပြင်၊ ပျက်ဆီးလာပြီဆိုရင်
 ကမ္ဘာမှာလည်း ပျက်ပြားလာမယ်။အကျိုးဖြစ်နေရာ၌အရှုံး၌ တွေ့ ရမယ်။ဂုဏ်သိဏ္ခာမြင့်
 နေတဲ့အတွင်းက သိဏ္ခာကျစရာများ ထွက်လာမယ်။
 ဒီတော့ လူအသုံးမှန်ရင် ကမ္ဘာအသုံးမှန်မယ်၊သင့်ကျိုးပန်းမှု့ ဟာ အံ့စရာပဲ။
 ကျုပ်တို့ ရဲ့ ကျိုးပမ်းမှု့ ဖြင့်အမလ်ကောင်းများ အထက်သို့ ဆန်တက်ရင် ကောင်းသော
 ဆုံးဖြတ်ချက်များကျရောက်လာပါမယ်။အမလ်ပျက်များ တက်သွားရင်တော့
 ပျက်စီးခြင်း၊နှိပ်စက်ခြင်း၊ ပြသာနာထူခြင်းနှင့် အမုန်းပွားမှုများ သက်ရောက်လာမယ်။

-ဒအ်ဝသ်ရှေ့စကြာဝဠာတစ်ခုလုံး ခယ ကျိုးနွံလာမည့်အကြောင်း အရှင်မြတ်၏
 ကတိတော်လာရှိထား၏။ထို့ ကြောင့် အခြေအနေအရပ်ရပ် ကောင်းမွန်ရေးတာဝန်ကိုလည်း
 အရှင်မြတ်သာ ယူထားပါတယ်။

-ဒုစရိုက်ကြောင့်ဖြစ်စေ၊ ဖရပ်ဇ်များ မစောင့်စည်း၊ ချိုးဖောက်၍ဖြစ်စေ၊ ချဉ်းကပ်လာသမျှ
 အဇာဗ်ကို သင်တို့ ကအနုမြူဗုံးနဲ့ တားဆီးလို့ မရပါ။
 မိမိအတွင်း အီမာန်ကို ရယူလျက် အရှင်မြတ်ဘက် အာရုံပြုကြပါ။
 ဒါမှ မိမိနဲ့ တကွ အစ္စလာမ်ကမ္ဘာကို ထိမ်းသိမ်းဟန့် တားနိုင်မယ်။

-တမန်တော်မြတ်(စွ)ကြိုးပန်းခဲ့တဲ့ ဗရကသ်များကိုအကြောင်းပြုပြီး ယနေ့  အွမ္မသ်တွက်
 ရဟ်မသ် တံခါးများ ပွင့်နေခြင်း ဖြစ်တယ်။ဒီတော့ တမန်တော်နည်းလမ်းဖြင့် ကြိုးပန်းမှု
 ပြန်နှံ့ လာရေးအတွက် အနည်းငယ် ဇောက်ချကြိုးစားကြရင် အရှင်မြတ်ဟာ ယခုအွမ္မသ်ရဲ့
 စည်ပင်ဝပြောတဲ့ တံခါးများကို အပြည့်အဝဖွင့်တော်မူမည်။

-မှားယွင်းသော ကြိုးပမ်းမှုကြောင့် မခ်လူက်ဟာ ဘေးဒုက္ခ ဝဲဂယက်ထဲမှာ နစ်မွန်းနေချိန်မှာ
 အရှင်မြတ်ထံတော်မှ တိုက်ရိုက်ဆွတ်ခူးရာဘက် လူ့ အာရုံ ကူးပြောင်းသွားရန်
 ကြိုးပမ်းတော့မှ လွတ်မြောက်နိုင်မယ်။

-ယနေ့ ကမ္ဘာ့ ပြသာနာအသွယ်သွယ် ပေါ်ပေါက်နေတာဟာ စင်စစ် မိမိအားလပ်ချိန်ကို
 မှားယွင်းသော နေရာများမှာ သုံးစွဲနေကြလို ဖြစ်တယ်။
 သိတက်တဲ့ အမြှော်အမြင်ရကြပါစေသား။

-ယကီးန်ရဖို့ ကြိုးပမ်းပါ။ကြိုးပမ်းကာလမှာ အထိတ်တလန့် ဖြစ်ရင်လည်း သီးခံလိုက်ပါ။
 ထာဝရ စိုးရိမ်မှု ဘေးမှ လွတ်မြောက်သွားမယ်။အနည်းငယ်ဝမ်းဟာ၊ဗိုက်ဆာရင်လည်း
 သီးခံလိုက်ပါ။ထာဝရအငတ်ဘေးမှ လွတ်ကင်းသွားမယ်။မိသားစုမှအနည်းငယ်
 ခွဲခွာရသော်လည်း ခွဲခွါလိုက်ပါ။အစဉ်အမြဲ ဆုံဆည်းတဲ့ အခွင့်အရေးကို ရရှိပါမယ်။

-ငွေကြေးရဲ့ လက်ရုံးအားကြောင့် ရှင်သန် လည်ပတ်နေတာလို့ ယုံကြည်လျက်
 ကဗရ်ထဲရောက်ရင်“ကျွန်တော့်ရဗ်ဟာ အလ္လာဟ်ပါ”လို့ ဖြေနိုင်မည်မဟုတ်ပါ။
 အကြိမ်ပေါင်းသန်းချီ၍ သပ်က်ဗီးရ် ရွတ်ဆိုစေခဲ့ကာမူ နှလုံးသားမှ
 အဖြေမှန် ထုတ်နိုင်မည်မဟုတ်ပါ။ကမ္ဘာ့အမှိုက်သရိုက်၊ ဥစ္စာ အာဏာဖြင့်
 မအောင်မြင်နိုင်ကြောင်းကို မသေမီ စိတ်နှလုံးအတွင်း သွတ်သွင်းကြပါ။(>)
http://www.facebook.com/mrsomeoneelse#!/notes/-/-/188105964535593

Thursday, August 5, 2010

လမြတ်ရမ်ဇာန်

ရိုဇာဟ်ဥပုသ်စောင့်ထိန်းခြင်း နှင့် Ramadan First Timer's Tips

သရာဝီဟ် တီဗီ for Ramadan

ဖဇာအေလေ ရမဇာန်

သရာဝီဟ်နမာဇ်ဝတ်ပြုခြင်း၏အကျိုးကျေးဇူး

သရာဝီ ( تراويح) ဖတ်နည်း

လမြတ် ရမ်ဇာန်

လမြတ် ရမ်ဇာန်အချိန်ခါတွင် တောင်းဆိုရမည့် ဆုဒိုအာများ

ကဇွာရိုဇာဟ်နှင့် ကဖာရဟ်ရိုဇာဟ်

ဖိသ်ရဟ်အကြောင်း

နောက်ဆုံး ရမ်ဇာန် သာဖြစ်ခဲ့မယ်ဆိုလျှင်

Boston Big Picture on Ramadan

MUSLIM PLAYERS AND RAMADAN

ရှအ်ဗာန်လ၏ နောက်ဆုံးရက်များ

ရမ်ဇမ်မှာဒီလိုနေကြမယ်ဟေ့!

ရိုဇဟ်တွင် အထူးသတိပြုရန် အချက် (၇)ချက်အကြောင်း


ရမဇာန်လမြတ်တွင်အထူးပြုလုပ်အပ်သောအမလ်များအကြောင်း

ကဒ်ရ်ညဥ့်မြတ်အကြောင်း (لیلة القدر)

Wednesday, June 9, 2010

ကျွန်းကလေး ဂျိုင်ရ် ၂၀၀၉ - ရန်ကုန်

ကျွန်းကလေး ဂျိုင်ရ် ၂၀၀၉ - ရန်ကုန်

၀၁။ မော်လာနာ အဗ်ဒွရ်ကာဒရ် - နံနက်ပိုင်း - (၂၅.၁.၂၀ဝ၉)
ဝ၂။ မော်လဝီ ယာစင် - ဖဂျရ်ပြီး- (၂၆.၁.၂၀ဝ၉)
ဝ၃။ မော်လာနာ အဗ်ဒွရ်ကာဒရ် -နံနက်ပိုင်း -သအ်လင်မ်အာဒဗ်-(၂၆.၁.၂၀ဝ၉)
ဝ၄။ ဟာဂျီ လေယာကသ်-နံနက်ပိုင်း -သအ်လင်မ်အာဒဗ်-(၂၆.၁.၂၀ဝ၉)
ဝ၅။ မော်လာနာ ဖဟီမ်(ပါကစ္စတန်)၊ ဇိုဟရ်ပြီး၊ မွဖ်သီအိစ်မာအီလ်(၂၆.၁.၂၀ဝ၉)A
ဝ၆။ မော်လာနာ ဖဟီမ်(ပါကစ္စတန်)၊ ဇိုဟရ်ပြီး၊ မွဖ်သီအိစ်မာအီလ် (၂၆.၁.၂၀ဝ၉)B
ဝ၇။ ဘိုင်နအီမွဒ်ဒီန်(ပါကစ္စတန်)၊အဆွရ်ပြီး၊ မော်လဝီ အဗ်ဒွလ်ဝါဟိဒ် (၂၆.၁.၂၀ဝ၉)
ဝ၈။ ဟာဂျီဘိုင်အဗ်ဒွလ်ဝဟါဗ်(ပါကစ္စတန်)၊မဂ်ရိဗ်ပြီး၊ မော်လဝီယါစင်(၂၆.၁.ဝ၉)A
ဝ၉။ ဟာဂျီဘိုင်အဗ်ဒွလ်ဝဟါဗ်(ပါကစ္စတန်)၊မဂ်ရိဗ်ပြီး၊ မော်လဝီယါစင်(၂၆.၁.ဝ၉)B
၁၀။ ဟာဂျီဘိုင်အဗ်ဒွလ်ဝဟါဗ်(ပါကစ္စတန်)၊ဖဂျရ်ပြီး၊ မော်လဝီယါစင်(၂၇.၁.၂၀ဝ၉)
၁၁။ မော်လာနာ ဖဟီမ်(ပါကစ္စတန်)၊ ဇိုဟရ်ပြီး၊ မွဖ်သီအိစ်မာအီလ်(၂၇.၁.၂၀ဝ၉)
၁၂။ ဘိုင် (ပါကစ္စတန်)၊အဆွရ်ပြီး၊ မော်လဝီ အဗ်ဒွလ်ဝါဟိဒ် (၂၇.၁.၂၀ဝ၉)
၁၃။ ဟာဂျီဘိုင်အဗ်ဒွလ်ဝဟါဗ်၊မဂ်ရိဗ်ပြီး-ဒိုအာ၊ မော်လဝီယါစင်(၂၇.၁.၂၀ဝ၉)
၁၄။ မော်လာနာဖဟီမ် ၊ ဖဂျရ်ပြီး-မရ်ကဇ် ၊ ဟာဖိဇ် အဗ်ဒွလ်ဟဖီးဇ် (၂၈.၁.၂၀ဝ၉)